အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

အသုံးဝင် လက်တွေ့နည်းတိုလေးများ

Go down

အသုံးဝင် လက်တွေ့နည်းတိုလေးများ Empty အသုံးဝင် လက်တွေ့နည်းတိုလေးများ

Post  kswems Fri Feb 04, 2011 12:24 am

☻ ၁။ လှီးပြီးသား သံပုရာသီးကို ကြာကြာ အထားခံချင်ရင်....မှောက်ပြီး
ဖန်ခွပ်နဲ့ အုပ်ထားလိုက်ပါ။

☻ ၂။ ဖိနပ်ကို ပြောင်လက်နေအောင် တိုက်ချင်ရင်...နိုင်လွန် ခြေအိပ်
အဟောင်းတွေနဲ့ ပွတ်တိုက်ပါ။
☻ ၃။ ထောပတ်လှီရင် ဓါးကို ဆီပေးသွားမှား စိုးရိမ်ရင်...ပလပ်စတစ် အစလေး
တင်ပြီး ဖြည်းဖြည်း လှီးချပါ။
☻ ၄။ မိန်းကလေးတွေ အိပ်ဝယ်ရင် ဘာရွေးရမှန်း အခက်တွေ့နေသလား။
ကိုယ်အမြဲသယ်ဆောင်နေကြဖြစ်တဲ့ ဟမ်းဖုန်းတို့ မှတ်စုတို့ မိတ်ကပ်တို့
ဘာတို့ညာတို့ အကုန်သာထည့်ကြည့်ပြီး မှ ဝယ်ပါ။

☻ ၅။ အိမ်မှာ ဓါတ်ပုံ၊ ပန်ချီကားတို့ကို ဘယ်နားချိတ်ရမှန် မသိဘူး။
ဟိုနေရာကပ်ကြည့်လိုက် ဒီနေရာကပ်ကြည့်လိုက်။ နိမ့်ရမလား ဒါမှမဟုတ်
မြင့်မြင့်မှာပဲ ချိတ်ရမလား ဝေခွဲမရ ဇဝေဇရာဖြစ်ပြီး အိမ်သူနဲ့
ငြင်းနေတာနဲ့ အချိန်ကုန်သွားပြီ။ အကောင်းဆုံးနေရာကို သိချင်ရင်
ကိုယ်အမြဲထိုင်နေတဲ့ ဧည့်ခန်းထိုင်ခုံ၊ ဆိုဖာပေါ်က ထိုင်ပြီး မျက်စိနဲ့
တန်းနေတဲ့ နေရာမှာသာ ချိတ်လိုက် ။ အံကိုက်။

☻ ၆။ ကော်ဇောပေါ်မှာ အပ်တို့ အပ်ချည်တို့၊ ဆံပင်ခြည်မျှင်လေးတွေများ
ကပ်နေတယ်။ ဖယ်လို့လည်း မရဘူး ကော်ဇောကြီးပဲ အချပ်လိုက် ဆွဲ
လှန်ပစ်လိုက်ရတော့မလို အခက်တွေ့နေသလား။ မခက်ပါဘူး။ ရာဘာလက်အိပ်လေး
ဝယ်စွပ်ပြီး ဖယ်ရှားလိုက်။

☻ ၇။ လဘက်တွေ ဘာတွေ စားပြီး ။ ကြက်သွန်ဖြူ အနံတွေ ပါးစပ်မှာ
ပျောက်သွားချင်သလား။ ဂရင်းတီး တစ်ခွပ်လောက်သောက်လိုက်ပါ။ ဒါမှမဟုတ်
လဘက်ခြောက်အရွက်တွေ ဝါးစား။

☻ ၈။ အိမ်မှာ ပန်းတွေစိုက်ထားလား။ အချို့ဆိုရင် အိမ်ထဲမှာ ပန်းအိုးလေးတွေ
အလှထားကြတယ်။ ပန်းပင်က အရွက်လေးတွေ တောက်တောက်ပပ ဖြစ်ချင်လား။
နွားနို့ကို အဝတ်လေးနဲ့ စွတ်စွတ်ပြီး အရွက်လေးတွေကို ပွတ်ပေး။

☻ ၉။ ဗိုက်ကဆာနေပြီ။ အသားတွေက အရမ်းကိုခဲနေပြီ။ လွှနဲ့ပဲတိုက်ရတော့မလား
ဓါးနဲ့လဲ ခုတ်လို့မရ။ ရေစိမ်ရင် အချိန်ကလည်း ပေးရတော့မယ် အရမ်းကို
ဒေါသထွက်စရာ ကြုံဖူးကြမှာပါ။ နောက်ဒါမျိုးမဖြစ်ရအောင် ရေခဲသတ္တာ
အခဲခန်းထဲမထည့်ခင် အသားတွေကို အတုံးလေးတွေလုပ်ပြီး ထည့်ပါ။ ဒါဆို
ရေဖျောချိန် သိပ်မပေးရတော့ပါဘူး။

☻ ၁၀။ လည်တိုင်ရှည် ပုလင်းတွေကို ဆေးရတာ လက်ဝင်နေသလား။
လည်တိုင်ပါသန့်ရှင်းစင်ကြယ်သွား
ချင်ရင် အားလူးခွံအပိုင်းအစလေးတွေနဲ့
ရေနဲ့ ရောထည့် ပြီးရင် 'ရှိတ်' လိုက်ပါ။ သန့်ရှင်းသွားပါလိမ့်မယ်။

☻ ၁၁။ ကောင်မလေးနဲ့ ချိန်းထားလို့ အဝတ်တွေ မြန်မြန်ခြောက်သွေ့သွားချင်လား
အိတ်တစ်ခုထဲထည့်ပြီး ပန်ကာ သို့မဟုတ် ဒရိုင်ရာနဲ့သာ မှုတ်လိုက်။

☻ ၁၂။ သကြားလုံး ဒါမှမဟုတ် ချောကလက်တွေ အဝတ်အစားပေါ်မှာ စွန်းပေသွားသလား ။
မုန်လာဥနီရှာပြီး တို့လိုက် ၊ ဖွဖွလေး ပွတ်ပေး ။ ပျောက်သွားပြီ..။

kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top

- Similar topics

Permissions in this forum:
You cannot reply to topics in this forum