အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

SMS ဖြင့် “အပင်း”သွင်းခြင်းကို လက်တွေ့သရုပ်ပြ

Go down

SMS ဖြင့် “အပင်း”သွင်းခြင်းကို လက်တွေ့သရုပ်ပြ Empty SMS ဖြင့် “အပင်း”သွင်းခြင်းကို လက်တွေ့သရုပ်ပြ

Post  kswems Fri Feb 04, 2011 2:00 am

ဟန်းဖုန်းများမှ ပေးပို့သော SMSကို အသုံးပြု၍ ယင်းSMS လက်ခံရရှိသော ဟန်းဖုန်းအား တစ်ချိန်ချိန်တွင် မိမိလိုသလို အဝေးမှ ထိန်းချုပ် စေခိုင်းနိုင်ရန်ကွန်ပျူတာ ပရိုဂရမ်ငယ် တစ်ခုအား ‘အပင်း’ သွင်းခြင်း သရုပ်ပြမှုကို ဝါရှင်တန်ဒီစီတွင် ကျင်းပသော သတင်း အချက်အလက် နည်းပညာ ဆိုင်ရာ ဆွေးနွေး သရုပ်ပြပွဲတစ်ခု ဖြစ်သည့် Shmoocon2011 တွင် သုတေသီ ဂျော်ဂျီယာဝေးဒ်မင်းက လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။

ထိုသို့ ‘အပင်း’ သွင်းခြင်း ခံထားရသော ဟန်းဖုန်းများကို ‘အပင်း’ သွင်းသူက အဝေးမှ ထိန်းချုပ် စေခိုင်းနိုင်ပြီး အင်တာနက် ဆာဗာတစ်ခုခုအား ‘အပင်း’ သွင်းခြင်း ခံထားရသော ဟန်းဖုန်း တစ်သိန်းခန့်က တစ်ပြိုင်နက်တည်း ဆက်သွယ်ကြစေရန် အမိန့်ပေးခြင်းသည် ဆာဗာများအတွက် စိုးရိမ်ဖွယ်ရာ အချက်ဖြစ်သည်။

ယခုအခါ iPhone,HTC အစရှိသည့် အဆင့်မြင့် ဟန်းဖုန်းများကို ကိုင်ဆောင်သူ များပြားလာပြီ ဖြစ်သည်နှင့်အမျှ ယင်းတို့ကို ကွန်ပျူတာများသဖွယ် အမြတ်ထုတ် အသုံးချသူများ မလွဲမသွေ ပေါ်ပေါက်လာတော့မည် ဆိုသည်ကို ဝေးဒ်မင်းက လက်တွေ့ သရုပ်ပြလိုက်ခြင်းပင် ဖြစ်သည်။

PN-002 ref:http://www.grmn00bs.com
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum