အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

အသားအရေခြောက်ခြင်းကို သဘာဝနည်းနဲ့ ကုသရအောင်

Go down

အသားအရေခြောက်ခြင်းကို သဘာဝနည်းနဲ့ ကုသရအောင် Empty အသားအရေခြောက်ခြင်းကို သဘာဝနည်းနဲ့ ကုသရအောင်

Post  kswems Mon Feb 07, 2011 9:04 pm

အေးမြတဲ့ရာသီဥတုနဲ့အတူ ကျွန်တော်တို့ရဲ့ အရေပြားတွေဟာ သိသိသာသာ ခြောက်သွေ့လာပြီး တချို့သူတွေမှာ အသားပပ်တာ၊ ဆံသားတွေ ခြောက်သွေ့ တာနဲ့ နှုတ်ခမ်းကွဲတာတွေပါ ဖြစ်လာတတ် ပါတယ်။

လေထုစိုထိုင်းဆ လျော့ပါးလာတာကြောင့် အသားအရေတွေ ခြောက်သွေ့လာရတာပါ။ အသားအရေခြောက်သွေ့နေလို့ စိတ်ညစ် နေသူတို့အတွက် အသားအရေခြောက်သွေ့ မှုသက်သာစေဖို့ အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ သဘာဝနည်းတွေကို ဖော်ပြလိုက်ရပါတယ်။

၁။ သံလွင်ဆီစစ်စစ် လိမ်းပါ
တံတောင်ဆစ်၊ ဒူးခေါင်း၊ ခြေသလုံး စတဲ့နေရာတွေက တခြားအရေပြားတွေထက် ပိုခြောက်သွေ့နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က ခြောက်သွေ့လွန်းတဲ့ အရေပြားနေရာတွေမှာ အစိုဓာတ်ထိန်းအလှဆီ (Moisturizer) မလိမ်းခင် သံလွင်ဆီစစ်စစ် ခပ်ပါးပါးလိမ်းပေးပါ။ ညဘက်မှာလည်း သံလွင်ဆီစစ်စစ်ကို လိမ်းပြီးမှ အိပ်သင့်ပါတယ်။

၂။ ဒိန်ချဉ်နှင့် သင်္ဘောသီးကဲ့သို့ သဘာဝကြေးချွတ်ပစ္စည်းသုံးပါ
သင့်အိမ်က မီးဖိုချောင်ထဲမှာ ခြောက်သွေ့တဲ့ အသားအရေကို ကုသနိုင်တဲ့ သဘာဝ ပစ္စည်းတွေ အများကြီးရှိနေပါတယ်။ ဒိန်ချဉ်အလွတ်မှာ ခြောက်သွေ့တဲ့ အရေပြားကို သန့်စင်စေတဲ့ ကြေးချွတ်အာနိသင် ပါဝင်နေပါတယ်။ ဒါ့အပြင် အရေပြားကို သန့်စင်လန်းဆန်းစေပြီး သက်သောင့်သက်သာ ရှိစေပါတယ်။ ပြုလုပ်နည်းကတော့ ဒိန်ချဉ်ခွက်တစ်ဝက်ကို ကြိတ်ခြေထားတဲ့ သင်္ဘောသီး ထမင်းစားဇွန်း သုံးဇွန်းနဲ့ ရောမွှေပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။

၃။ အိမ်တွင်းလုပ် အရေးပြားကြေးချွတ်နည်းသုံးပါ
သကြားနဲ့ အဆီတွေကိုရောပြီး ခြောက်သွေ့တဲ့ အရေပြားပေါ်မှာ လိမ်းပြီး ကြေးချွတ် ပေးတာက အသားအရေကို ချောမွေ့ကာ သန့်စင်စေပါတယ်။ ပြုလုပ်နည်းကတော့ အညိုရောင်သကြားမှုန့်နဲ့ အဆီတစ်မျိုးကို ညီတူမျှတူ ရောမွှေကာ စက်ဝိုင်းပုံအတိုင်း ပွတ်သပ်ကြေးချွတ်ပေးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် အပိုရရှိစေဖို့ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းရောထည့်ပြီး သံပရာရည် တစ်စက်-နှစ်စက်လောက် ထည့်ပေးနိုင်ပါတယ်။

၎။ ပျားရည်၏ အနာကျက်စွမ်းအားကို အသုံးပြုပါ
ပျားရည်ဟာ အက်ကွဲနေတဲ့ နှုတ်ခမ်းသားတွေကို ကောင်းကောင်း အနာကျက် စေနိုင်ပါတယ်။ မအိပ်ခင်မှာ နှုတ်ခမ်းသားတွေပေါ်ကို ပျားရည်စစ်စစ် အနည်းငယ် လိမ်းပေးလိုက်ပါက နိုးလာချိန်မှာ ချောမွေ့ပြည့်တင်းတဲ့ နှုတ်ခမ်းသားတွေကို ရရှိစေပါတယ်။ ပျားရည်ဟာ အက်ကွဲနေတဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်တွေကိုလည်း ချောမွေ့စိုပြည်စေပါတယ်။

၅။ ဆံကေသာ ခြောက်သွေ့မှုအတွက် သဘာဝကုထုံးကို သုံးပါ
သင့်ဆံပင်တွေ ခြောက်သွေ့နေရင် ကြက်ဥ ဒါမှမဟုတ် ဘဲဥအနှစ်တစ်လုံးကို ဆံပင်သားနဲ့ ဦးရေပြားပေါ်ကို လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဒါဟာ ဆံပင်ကျွတ် သက်သာ စေပြီး ဦးရေပြားကို ကျန်းမာစေပါတယ်။ ရေဆေးပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ကာ သံလွင်ဆီနဲ့ ထောပတ်သီးရောမွှေထားတဲ့ အရောအနှောကို ဆံပင်သားပေါ် လိမ်းပါ။ ခေါင်းစွပ်စွပ်ထားရင်း အချိန် ၁၅ မိနစ်ခန့်ထားပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။

၆။ အတွင်းအရေပြားကို ကုသရန် မမေ့ပါနှင့်
မဂ္ဂနီဆီယမ်၊ မရှိမဖြစ် ဖက်တီးအက်စစ် (Essential Fatty Acid)၊ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်း စတာတွေ ပါဝင်တဲ့ အစားအသောက်တွေ စားတာက ခန္ဓာကိုယ်ထဲက အရေပြားကိုပါ ကျန်းမာစိုပြည်စေပြီး အရေပြားခြောက်သွေ့မှု လျော့နည်းစေပါတယ်။ အမည်းရောင် ချောကလက်၊ ဆယ်လ်မွန်ငါးလို အဆီများတဲ့ငါး၊ လိမ္မော်သီး၊ သရက်သီးနဲ့ မုန်လာဥနီစတဲ့ အစားအသောက်တွေနဲ့ အသားအရေ စိုပြည်ကျန်းမာအောင် ဂရုစိုက်သင့် ပါတယ်။

Ref: Good Health
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum