အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဒီကမ္ဘာမှာ ဘယ်သူအလှဆုံးလဲ

Go down

ဒီကမ္ဘာမှာ ဘယ်သူအလှဆုံးလဲ Empty ဒီကမ္ဘာမှာ ဘယ်သူအလှဆုံးလဲ

Post  manawphyulay Mon Aug 08, 2011 12:59 pm


ပူလျှင်အရိပ်
ပန်းဖြေသိပ်ပါ
နေနားပါလှည့်....
မေ့မေတ္တာ ဒီအရိပ်
ရိပ်ထီးကာခဲ့...

မိုးရွာလျှင်လည်း
ဝင်ပါ နားပါ မိုးခိုပါလှည့်...
မေ့မေတ္တာ ဗိမာန်တော်ကြီး
အေးမြနေခဲ့...

ဆောင်းရောက်လျှင်လည်း
ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်...
မေ့မေတ္တာလွှာရုံနွေး
နွေးထွေးနေမြဲ...

လေတိုးလျှင်
မပူပင်နဲ့
မေ့မေတ္တာနံရံချပ်
မတ်တတ်ကာ ကာကွယ်ခဲ့...

ရေဆာငတ်မူ
ရင်ပူပြေရေး အမေပေး
ရေကြည်တပေါက်
စမ်းချောင်းတမြ
စီးဆင်းနေမြဲ...

မေ့ရဲ့မေတ္တာ စေတနာက
နေပူ မိုးရွာ ဆောင်းတွင်းပါ
အရိပ်ဖြစ်စမြဲ...

နှိုင်းတုမရ မေ့မေတ္တာ
လိုရာကိုသုံး
စဉ်မြဲပြုံးလို့
သမီးထင်တယ်
ဒီကမ္ဘာမှာ
မေမေသာ အလှဆုံး....

ရေးသားသူ - မနောဖြူလေး

manawphyulay

Posts : 6
Join date : 2011-08-08

http://www.manawphyu.net

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum