အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

food for thought

Go down

food for thought Empty food for thought

Post  ayehtun90 Tue Aug 02, 2011 9:12 pm

နေဟာ လောကမှာ သက်ရှိတွေတည်ရှိရှင်သန်နေနိုင်ဖို့ အရမ်းအရေးပါတဲ့အခန်းမှာပါဝင်နေပါတယ်။အဲဒီနေမင်းမှာ သူ့ရဲ့စွမ်းအင်ရင်းမြစ်အဖြစ် reaction တစ်ခုကိုပြုလုပ်နေပါတယ်။အဲဒါကတော့ hydrogen ကို helium အဖြစ်ပြောင်းပေးနေတဲ့ reaction ပါပဲ။ ဒီprocess မှာအလွန်ကြီးမားတဲ့စွမ်းအင်ကိုထုတ်လွှတ်ပါတယ်။ဒီကျွန်တော်တို့နေထိုင်ရာလောကဆီကိုရောက်ရှိလာတဲ့ အပူနဲ့အလင်းစွမ်းအင်အားလုံးနီးပါးဟာ ဒီလုပ်ငန်းကနေဖြစ်တည်လာတာပါ။ဒီလိုပြောင်းလဲရာမှာ proton ၁လုံးစီပါဝင်တဲ့ hydrogen atom ၄ခုက proton ၂လုံးneutron ၂လုံးပါဝင်တဲ့helium atom၁ခုအဖြစ်ပြောင်းလဲရပါတယ်။(ကျွန်တော်တို့ ဆယ်တန်းတုံးကသင်ခဲ့ရတဲ့ Russian chemist Dmitri Mendeleev တီထွင်ခဲ့တဲ့ periodic table ကိုမှတ်မိကြမယ်ထင်ပါတယ်။)ဒီလိုhydrogen ၄ခုဟာhelium တစ်ခုဖြစ်ဖို့ပေါင်းစပ် ချင်တိုင်းပေါင်းစပ်လို့မရပါဘူး။ဒီလိုဖြစ်ဖို့အဆင့်၂ခုလိုပါတယ်။ပထမအဆင့်အနေနဲ့ hydrogen atom ၂လုံးထဲအရင်ပေါင်းစပ်ပြီးတော့ proton ၁လုံးneutron ၁လုံးပါဝင်တဲ့deuteron လို့ခေါတဲ့ ကြားခံနူးကလီးရက် တစ်ခုကိုဖြစ်တည်ရပါတယ်။ဒီလို nuclei ၂ခုအတူပေါင်းစီးဖို့လိုအပ်တဲ့ ကြီးမားတဲ့ အားအဖြစ်အသုံးတော်ခံတာကတော့ strong nuclear force လို့ခေါ်တဲ့ စကြာဝဠာတည်ရှိနေအောင်အသုံးတော်ခံနေတဲ့ အခြေခံအားလေးမျိုးထဲက တစ်မျိုးပါပဲ။ဒီforce ကလွဲပြီး ဘယ်force ကမှာဒီလိုနူးကလီးရိုင်း ၂ခုကိုမပေါင်းစည်းနိုင်ပါဘူး။ဒီမှာအရေးကြီးတဲ့ဟာလာပါပြီ။ ဒီstrong nuclear force ဟာ အားပြင်းပင်ပြင်းသောငြားလဲ လိုအပ်တာထက်ပိုပြင်းခွင့်မရှိပါဘူး။အဲ့ ဒီထက်သာအားပြော့နေမယ်ဆိုရင်လဲ နူးကလီးရိုင်း၂ခုဟာ ဘယ်လိုမှပေါင်းစည်းနိုင်မှာမဟုတ်ပါဘူး။ဒီအစား နီးကပ်လာတဲ့ ပရိုတွန်၂လုံးဟာ အချင်းချင်းတွန်းကန်ပြီးတော့ နေရဲ့ရီရက်ရှင်းဟာ မစတင်ခင်ပဲပြိုပြက်သွားပါမယ်။ ပြောရမယ်ဆိုရင် နေဟာ စွမ်းအင်ဖြာထွက်တဲ့ ကြယ်တစ်လုံးဖြစ်လာတော့မှာ မဟုတ်သလို သက်ရှိတွေဟာလဲမရှိနိုင်တော့ပါဘူး ၊ဒါနဲ့ပတ်သတ်ပြီး George Greenstein က "strong force ကသာ နဲနဲလေးများအားပြော့ခဲ့ရင် လောကဟာ လင်းထိန်မှုရှိတော့မှာမဟုတ်ပါဘူး"လို့ဆိုပါတယ်(George Greenstein,The symbiotic universe, pg. 100)။နောက်တစ်ခုက တကယ်လို့မြားGeorge strong force ကသာဒီထက်ပိုအားပြင်းခဲ့ရင် ဘာဖြစ်နိုင်မလဲ။ဒီမေးခွန်းရဲ့အဖြေအတွက် ပထမဆုံးအနေနဲ့ ဟိုက်ဒရိုဂျင် နူးကလီးရက်၂ခု deuteron ဖြစ်ဖို့ပေါင်းတဲ့ဖြစ်စဉ်ကိုပြန်ကြည့်ရမယ်။ ဒီလိုပေါင်းစီးဖို့အတွက်အသုံးပြုတဲ့အားက အခုနကပြောတဲ့ strong nuclear force ဖြစ်ပြီး ဟိုက်ဒရိုဂျင်တစ်လုံးရဲ့ ပရိုတွန်တစ်လုံးကို နရူထရွန် ဖြစ်အောင် (သူ့ရဲ့positive charge ကို ပြယ်သွားအောင် လုပ်ပေးတာက weak nuclear force လို့ခေါ်တဲ့နောက်အားတစ်မျိုးပါ။ weak nuclear force ဟာ ပရိုတွန်ကို နရူထရွန်ဖြစ်အောင် ပြောင်းဖို့အတွက် အချိန်၁၀ မိနစ်ခန့်ကြာပါတယ်။ ဒီအချိန်ပမာဏဟာ atomic level မှာအလွန်ကြီးမားတဲ့ပမာဏပါ။ ဒီတော့ အခုနမေးခွန်းဖြစ်တဲ့ strong nuclear force ဟာ ဒီထက်ကိုပိုပြီးပြင်းထန်မယ်ဆိုရင် သူဟာ ဒီလို weak nuclear force ကprotonကို neurton ဖြစ်အောင်ပြောင်းနေတဲ့အချိန်၁၀မိနစ်ကို စောင့်မှာမဟုတ်ပဲ၊ (proton ၁လုံးneurton၁လုံး အဖြစ်ပေါင်းစီးမှာမဟုတ်ပဲ) ပရိုတွန် နှစ်လုံးကိုသာပေါင်းစည်းလိုက်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ deuteron ဖြစ်လာမှာမဟုတ်တော့ပါဘူး။ ဒီလိုပရိုတွန်၂လုံးပေါင်းစီးထားတဲ့ nucleus ကို ပညာရှင်တွေက သီအိုရီအရ di-proton လို့ခေါ်ပြီး သဘာဝမှာတော့ ဒီလို di-proton ကိုကျွန်တော်သိသလောက်မတွေ့ရှိသေးပါဘူး။ဒါပေမဲ့ လည်း strong nuclear force သာ ဒီထက်ပိုများနေမယ်ဆိုရင် proton ကနေneutron ပြောင်းတဲ့အဖြစ်ကိုဖယ်ချန်လိုက်ရင် နေရဲ့အလုပ်လုပ်နေတဲ့ engine ကိုနှေးနေအောင်ကူညီပေးတဲ့အဆို့တစ်ခုကိုဖယ်ရှားလိုက်သလိုဖြစ်မှာပါ။ ဒါနဲ့ပတ်သက်ပြီ:Greensteinက" heliumဖြစ်တည်ဖို့ပထမဆင့်ဖြစ်တဲ့ deuteron မဖြစ်လာခဲ့ရင် နေဟာပြောင်းလဲသွားပါမယ်။ di_proton တွေပဲဖြစ်တည်လာပြီးတော့ reaction မှာ proton ကနေneutron ပြောင်းလဲမူ့ဖြစ်စဉ်ပါဝင်တော့မှာမဟုတ်ပဲ weak nuclear force ရဲ့အခန်းဟာအဆုံးသတ်သွားပြီး strong nuclear force သာ လျှင်ပါဝင်ပါတော့မယ်။အကျိုးဆက်အနေနဲ့ နေရဲ့လောင်စာတွေဟာအရမ်းကောင်းသွားပြီး အင်အားအရမ်းကြီးမားတဲ့ reaction ဖြစ်ပြီးနေနဲ့ အခြားနေလိုမျိုးကြယ်တွေဟာ ပေါက်ကွဲထွက်သွားပါလိမ့်မယ်။"(George Greenstein, The symbiotic univers, pg,100)။ ဒီလိုနေရဲ့ ပေါက်ကွဲမူဟာ ကျွန်တော်တို့နေထိုင်ရာ planet earth ကို စကန့်အနဲငယ်အတွင်း လောင်ကြွမ်းသွားပါမယ်။ဒါပေမဲ့လဲခုတော့ strong nuclear force ဟာ တိကျသေချာစွာ အားပိုမိုမပြင်း၊အားပိုမိုမပြော့ပဲတည်ရှိနေအောင် ပြဌာန်းခံထားရတာကြောင့် weak nuclear force က နေရဲ့ ရီရက်ရှင်းကို အရှိန်လျှော့ကျစေပြီး နေလိုကြယ်တွေဟာ နှစ်သန်းထောင်နဲ့ချီအောင်အလင်းနဲ့ စွမ်းအင်ကိုဖြာထွက်စေနိုင်တာဖြစ်ပါတယ်။တကယ်လို့များဒီစီမံမှုဟာ အနဲငယ်လွဲချော်မုများရှိခဲ့ရင် နေအပါအဝင် ကြယ်တွေဟာ
အချိန်တိုအတွင်းပေါက်ကွဲခဲ့ကြမှာဖြစ်ပါတယ်။

ကျွန်တော်မေးချင်တာက ဘာလို့များ သဘာဝရဲ့အားတွေဟာ အဆင်ပြေပြေလိုက်လျှောညီထွေရှိနေရတာပါလဲ။ နေအပါအဝင် အခြားများစွာသောအရာတွေဟာ လောကမှာ သက်ရှိဖြစ်တည်နေနိုင်အောင် ဘာလို့များကူညီနေရတာပါသလဲ။တကယ်လို့ သက်ရှိဘဝ ဟာဆင်းရဲဘုံကြီးဆို သူတို့တွေဟာ သက်ရှိတွေပိုဆင်းရဲသက်ကြာရှည်အောင်လုပ်နေသလိုမဖြစ်ဘူးလားဗျာ။

ayehtun90

Posts : 1
Join date : 2011-08-02

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum