အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

အအေးမိဖျားနာခြင်း ဖြစ်ခါနီးအချိန်မှာ ဂရုစိုက်သင့်သည်များ

Go down

အအေးမိဖျားနာခြင်း ဖြစ်ခါနီးအချိန်မှာ ဂရုစိုက်သင့်သည်များ Empty အအေးမိဖျားနာခြင်း ဖြစ်ခါနီးအချိန်မှာ ဂရုစိုက်သင့်သည်များ

Post  kswems Wed Feb 09, 2011 7:50 pm

ကျွန်မတို့အများစုဟာ ကိုယ့်ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အားနည်းနေတာ၊ နေရတာ သက်သောင့်သက်သာ မရှိတာ စတဲ့ အပြောင်းအလဲတွေကို မဖျားခင် အချိန်လေးမှာ ကြိုသတိထားမိကြပါတယ်။

ဒါကြောင့် “အအေးမိချင်သလိုလို ဖြစ်နေတယ်” ဒါမှမဟုတ် “ငါတော့ ဖျားတော့မယ်ထင်တယ်” စတဲ့ စကားလုံးတွေကို ရေရွတ်မိကြတာပဲ မဟုတ်ပါလား။ အဲဒီလို အအေးမိခါနီးအချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်လိုက်မယ်ဆိုရင် သင့်ကို ဖျားနာစေမယ့် ဗိုင်းရပ်စ်ပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးတွေကို သင့်ရဲ့ ကိုယ်ခံအားစနစ်က တိုက်ထုတ်နိုင်ပြီး နေကောင်းလာပါလိမ့်မယ်။

အအေးမိချင်သလိုလို ဖြစ်နေချိန်မှာ ကိုယ့်ကိုကိုယ် လျစ်လျူရှုပြီး ပေပေတေတေ နေလိုက်မယ်ဆိုရင်တော့ ပိုပြီးဖျားနာလာပါလိမ့်မယ်။ ဒါကြောင့် အအေးမိဖျားနာခါနီး အချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အအေးမိခြင်းကို အမြန်မောင်းထုတ်နိုင်ဖို့ အနားများများယူပါ

အအေးမိချင်သလိုလို ခံစားနေရရင် စွမ်းအင်တွေကုန်တဲ့အထိ၊ ကိုယ်ခံစွမ်းအားကျတဲ့အထိ ပြင်းပြင်းထန်ထန် အလုပ်မလုပ်ပါနဲ့။ အိမ်မှာ လဲလျောင်းပြီး အနားယူပေးပါ။

၂။ ကြက်သီးနွေးရေနဲ့ ရေချိုးပေးပါ

သင့်ခန္ဓာကိုယ်က နွမ်းနယ်ပြီး မလန်းဆန်းဘူးဆိုရင် ပိုပြီးနေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ ဖျားချင်သလို ဖြစ်လို့ဆိုပြီး အိပ်ရာထဲမှာ စောင်ထူထူခြုံပြီး ကွေးနေတာကလည်း နည်းမှန်လမ်းမှန် မဟုတ်ပါဘူး။ ကြက်သီးနွေးရေနဲ့ ရေချိုးလိုက်ပါ။ သင့်ခန္ဓာကိုယ်ကို လန်းဆန်းပေါ့ပါးသွားစေပါလိမ့်မယ်။ ရေနွေးငွေ့ဟာ အသက်ရှူ လမ်းကြောင်း ပြဿနာတွေကိုပါ သက်သာစေပါတယ်။

၃။ အစားအသောက်ကို ကောင်းကောင်းစားပါ

သင်ဟာဖျားချင်သလိုဖြစ်နေရင် အစားအသောက်ကို စားချင်သောက်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ကို အလိုမလိုက်ပါနဲ့။ အအေးမိခြင်းကို တိုက်ထုတ်နိုင်ဖို့ သင့်ခန္ဓာကိုယ်ဟာ အာဟာရကောင်းကောင်း လိုအပ်နေပါတယ်။ အလွယ်တကူ ကြေညက်နိုင်တဲ့ ပရိုတင်းများစွာပါဝင်တဲ့ အစားအသောက် စားပေးပါ။ ဒီအချိန်မှာ ကြက်စွပ်ပြုတ်ပူပူဟာ အအေးမိခြင်းကို တိုက်ထုတ်နိုင်စေတဲ့ အကောင်းဆုံးအာဟာရပါ။ ဒီအချိန်မှာ ဆီကြော်စာ၊ အချိုစာတွေနဲ့ အဆီအအိမ့် ပါဝင်မှုများတဲ့ အစာတွေကို မစားပါနဲ့။ ဒီအစာတွေက ကြေညက်ခဲပြီး ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို လျော့ကျစေတာကြောင့်ပါ။

၎။ ရေနှင့် အရည်များများ သောက်ပါ

ဖျားခြင်းဟာ သင့်ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်စေပါတယ်။ သင်စားတဲ့ အစားအစာတွေကို ကောင်းကောင်း ချေဖျက်နိုင်ဖို့နဲ့ အအေးမိခြင်းကို တိုက်ထုတ်နိုင်ဖို့ ရေကိုလိုအပ်နေပါတယ်။ ရေဟာ ခန္ဓာကိုယ်တွင်း စနစ်တွေကိုလည်း သန့်စင်စေတဲ့အတွက် ရေသောက်ပြီး ဆီးများများသွားပေးပါ။ အရည်သောက်ဖို့ လိုပေမယ့် ကော်ဖီ၊ အချိုရည်နဲ့ အရက်ကိုတော့ မသောက်သင့်ပါဘူး။ ဒီအရည်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက် စေလို့ပါ။ ရေ၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်တွေကိုသာ သောက်သင့်ပါတယ်။

၅။ ဖြည့်စွက်ဆေး မှီဝဲပါ

ဗီတာမင်စီ၊ သွပ်ဓာတ် (Zinc) နဲ့ Echinacea တွေဟာ အအေးမိခြင်းကို မြန်မြန် မောင်းထုတ် နိုင်ပါတယ်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum