အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

အမျိုးသားတို့ တိုးတက်စေကြောင်းတရား (၄)ပါး (or) သမ္ပဒါတရား (၄)ပါး

Go down

အမျိုးသားတို့ တိုးတက်စေကြောင်းတရား (၄)ပါး (or) သမ္ပဒါတရား (၄)ပါး Empty အမျိုးသားတို့ တိုးတက်စေကြောင်းတရား (၄)ပါး (or) သမ္ပဒါတရား (၄)ပါး

Post  kswems Wed Feb 09, 2011 7:40 pm

မြတ်စွာဘုရားဟောကြားတော်မူသော လောကီတိုးတက်အောင်မြင်နည်း..

၁။ ဥာဏ်ပါတဲ့ လုံလ၀ီရိယနှင့် ကြိုးစားအားထုတ်သူဖြစ်ရမယ်။
၂။ ရရှိပြီးသော စည်းစိမ်ချမ်းသာကို ဆင်ခြင်ဥာဏ်ကင်း၍ အကျိုးမရှိသောနေရာ၌ သုံးဖြုန်းမိခြင်းမရှိအောင်
ထိန်းသိမ်းစောင့်ရှောက်နိုင်သူဖြစ်ရမယ်။
၃။ မိမိလုပ်နိုင်အားနှင့် ချိန်ဆပြီး မျှတမှန်ကန်စွာ အသက်မွေးမြူခြင်း ရှိသူဖြစ်ရမယ်။
၎။ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းသူ ဖြစ်ရမယ်။

တစ်ခုခြင်းကို အကျယ်အဓိပ္ပါယ်ဖွင့်ရရင် ..

၁။ ဥာဏ်ပါတဲ့ လုံလ၀ီရိယနှင့် ကြိုးစားအားထုတ်သူဖြစ်ရမယ်ဆိုတာ . . .

>> တတ်သိနားလည် ကျွမ်းကျင်အောင် လေ့လာ၊ သေချာပိုင်နိုင်အောင်လုပ်နိုင်သလားဆိုတာ စဉ်းစား၊ ပိုင်ရင် လုပ်ဖို့ ဆုံးဖြတ်၊ အကွက်ကောင်း၊ အချိန်ကောင်းနေရာကောင်းကို သိအောင်လုပ်၊ တကယ်လိုအပ်မဲ့ ပစ္စည်းကရိယာပြည့်စုံရမယ်၊ လုပ်သင့်တာကို လုပ်ဖို့ အရေးကြီးသလို မလုပ်သင့်တာကို မလုပ်ဖို့လည်း အရေးကြီးတယ်။

၂။ ရရှိပြီးသော စည်းစိမ်ချမ်းသာကို ဆင်ခြင်ဥာဏ်ကင်း၍ အကျိုးမရှိသောနေရာ၌ သုံးဖြုန်းမိခြင်းမရှိအောင်
ထိန်းသိမ်းစောင့်ရှောက်နိုင်သူဖြစ်ရမယ်ဆိုတာ . . .

>> ရန်သူ (၅)ပါးနှင့် မိန်းမ၊ အရက်၊ လောင်းကစား၊ မိတ်ဆွေတုကို အထူးသတိထားရှောင်နိုင်အောင် ကြိုးစားရမယ်။

၃။ မိမိလုပ်နိုင်အားနှင့် ချိန်ဆပြီး မျှတမှန်ကန်စွာ အသက်မွေးမြူခြင်း ရှိသူဖြစ်ရမယ်ဆိုတာ . . .

>> မြတ်စွာဘုရားအလိုအရ လောကီကြီးပွားရေးအတွက် ငွေကြေးခွဲဝေသုံးစွဲနည်း
မိမိရရှိသော ငွေ၊ ပစ္စည်းကို လေးပုံပုံပါ။
တစ်ပုံကို --- လိုရာသုံးပါ၊ လျှူဖြစ်အောင်လည်းလျှူပါ။
နှစ်ပုံကို --- အရင်းအနှီးလုပ်ပါ။
တစ်ပုံကို --- အရေးပေါ်သုံးနိုင်အောင် သီးသန့်ရန်ပုံငွေ ထားပါ။

၎။ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းသူ ဖြစ်ရမယ်ဆိုတာ . . .

>> သုံးပါးရတနာကြည်ညိုသူ၊ ငါးပါးသီလမြဲတဲ့သူ ဥာဏ်ပညာပြည့်စုံသူ၊ အလျှူဒါန လုပ်လေ့ရှိသူနှင့်သာ ပေါင်းသင်းပါ။

ဒါလေးတွေက ကျနော် ကျောင်းပြီးခါစ စာဖတ်ချိန်ကောင်းကောင်းရတုန်းက ဖတ်ခဲ့တဲ့ တက်ကျမ်းစာအုပ်တစ်အုပ်ထဲကဖြစ်မယ်။

ကိုယ်ပိုင်စာအုပ်ကိုပဲ နှစ်သက်လို့ လက်ရေးနဲ့ကြည့်ကူးထားတာ။ ဆရာဖေမြင့်၊ ဆရာဘုန်းမြင့်သွေး၊ တစ်ယောက်ယောက်ဆရာထဲကဖြစ်မယ်။
ဒါလေးကို ရေးပြီးတော့ ကျနော်တစ်ခုစဉ်းစားမိတယ်။ အခုရေးတဲ့စာတွေက ငါလည်း ဖတ်မှတ်ထားလို့ သိထားတာ။ နှစ်သက်လို့သာ မှတ်ထားတာ။ တကယ်ကော လိုလိုချင်ချင်နဲ့ "ကျင့်" နေပြီလားဆိုတာ ကိုယ်ကိုကိုယ်မေးမိတယ်။ ကျနော်တို့ စာအုပ်တွေဖတ်တယ်၊ အင်တာနက်ထဲမှာ စာတွေဖတ်တယ်ဆိုတာ အသိတွေ စုနေတာပါ။ သူများအသိကိုယ် ကိုယ်တွေ့မကြုံခင်၊ ကြုံတဲ့အခါ ဆင်ခြင်နိုင်အောင် လေ့လာဖတ်မှတ်နေတဲ့ အသိတွေသာ ဖြစ်ပါတယ်။ တစ်ခါတစ်ခါ စာကောင်းလေးတွေဖတ်ပြီးတဲ့အခါ စိတ်ထဲမှာ ခံစားရတယ်။ အော် ဟုတ်ပါလား၊ မှန်လိုက်တာ ဆိုတာမျိုးဖြစ်ဖူးကြပါလိမ့်မယ်။ အဲ့ဒါ တဒင်္ဂ စိတ်ခံစားမှုလေးဖြစ်သွားတာပါ။ တကယ်တမ်းကိုယ်သိလိုက်ရတဲ့ (ဒီနေရာမှာ ကိုယ်သိလိုက်တဲ့ အသိဆိုတာ လေ့လာအသိ၊ ဖတ်မှတ်အသိကိုပြောတာပါ) အသိကို ကျင့်အပ်တဲ့ ကောင်းမြတ်တဲ့ အကျင့်လို့လည်း နားလည်ပြီဆိုရင်တောင် အသိကို အသိအတိုင်းထားရင် ကျင့်ကြံမှု၊ အားထုတ်မှု မရှိဘူးဆိုရင် အသိက အသိပါပဲ။ အကျင့်အလိုလိုဖြစ်မလာပါဘူး။ ဒါကြောင့် လာမယ့် ဖေဖေါ်ဝါရီ ၁၇ မှာရောက်လာမယ့် ကျနော့ မွေးနေ့အတွက်ရည်ရွယ်ပြီး "မိဘကျေးဇူးအကျေဆပ်နည်း" ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ရေးနေပါတယ်။ နာကြားဖူးထားတဲ့ ဆရာတော်ရှင်ဆန္ဒဓိကရဲ့ တရားတော်ကို အခြေခံပြီး ရေးနေတာပါ။ အဲ့ဒီ blog ထဲမှာ ကျနော့်ကိုယ်ကျနော် ဆုံးမဖို့အတွက် ရေးထားတဲ့ "အသိမှ အကျင့်သို့ကူးပြောင်းခြင်း" ဆိုတဲ့ နေရာလေးကို ဒီ blog ထဲမှာလည်း ထည့်သုံးပေးချင်ပါတယ်။ အပေါ်မှာ ဖေါ်ပြထားတဲ့ အသိကောင်း၊ အကျင့်ကောင်းတွေနဲ့ လိုက်ဖတ်မယ်ထင်လို့ပါ။

"အသိမှ အကျင့်သို့ ကူးပြောင်းခြင်း"

အသိကို အသိအတိုင်းထားရင် အသိက အကျင့်အလိုလိုဖြစ်မလာပါဘူး။
အသိက အသိပါပဲ။ သိထားတဲ့ အသိကို သတိနဲ့ စဉ်းစားဆင်ခြင်ခြင်းဖြင့်သာ အကျင့်အဖြစ်ကူးပြောင်းလို့ရမယ်ထင်ပါတယ်။ အသိကို
သတိနဲ့ဆင်ခြင်မိတိုင်း အကျင့်အဖြစ် ကူးပြောင်းနေတာပါပဲ။ သိလို့ ကျင့်ပြီဆိုတော့ တဒင်္ဂ တခဏသာ ကျင့်မိတဲ့အကျင့် မဖြစ်ရလေအောင်
အဲ့ဒီအကျင့်လေးမြဲဖို့ကလည်း သတိနဲ့ပဲ နေထိုင်မှ ခိုင်မြဲတဲ့ အကျင့်လေးဖြစ်ပြီး အလေ့အကျင့်ကောင်းဖြစ်လာမယ်ထင်ပါတယ်။

အားလုံးပဲ လွတ်လပ်၊ပျော်ရွှင်၊ငြိမ်းချမ်းအောင် ကြိုးစားနိုင်ပါစေ..
source : www.sawsan.freehostingcloud.com
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum