အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဝလွန်းပိန်လွန်းသူအတွက်...FASHION...!!!!

Go down

ဝလွန်းပိန်လွန်းသူအတွက်...FASHION...!!!! Empty ၀လွန်းပိန်လွန်းသူအတွက်...FASHION...!!!!

Post  kswems Wed Feb 09, 2011 7:32 pm

ဖက်ရှင်တစ်ခုဟာ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ဖက်ရှင်ကို စိတ်ဝင်စားသူတိုင်း၊ နှစ်သက်သူတိုင်းနဲ့ ပတ်သက်နေတယ်။ဘယ်သူမဆို သင့်လျော်လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှုကို လိုအပ်နေကြတာပါပဲ။ ၀တ်စုံတစ်စုံဟာ သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အချိုးကျကျ လှပနေရမှာ ဖြစ်သလို၊ ၀တ်ဆင်တဲ့ပုံစံ မှန်ကန်ဖို့ လိုပါတယ်။ လိုက်လျောညီထွေ ဖြစ်နေရမယ်။ အဆင်ပြေပြေနဲ့ ကြည့်လို့ကောင်းတဲ့ ၀တ်ဆင်မှု ရှိနေသင့်တယ်။ လှနေရုံနဲ့ မပြီးဘူး။ Fashionable ဖြစ်နေရမယ်။ လူတစ်ဦး တစ်ယောက် အတွက် လိုက်ဖက်ညီတဲ့ ဖက်ရှင်ဆိုတာ ရှိနေပါတယ်။ ပိန်သူပဲဖြစ်ဖြစ်၊ ၀သူပဲဖြစ်ဖြစ်၊ အရပ်မြင့်သူ၊ နိမ့်သူ၊ အသားဖြူသူ၊ မည်းသူ၊ ဘယ်လိုလူအတွက်ပဲ ဖြစ်စေပေါ့။ အဆင်ပြေ ကြည့်ကောင်းတဲ့ ဖက်ရှင် စတိုင်လ် ရှိနေပါတယ်။ စင်းလုံးချော လှပနေမှ ဖက်ရှင်ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံနဲ့ အဆင်ပြေ၊ လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းနဲ့ဆိုရင် ဖက်ရှင် ဖြစ်နေမှာပါပဲ။ ထူးခြားပေါ်လွင် နေမှာပါပဲ။ ၀တ်စုံတစ်စုံကို သင့်ခန္ဓာကိုယ်ပေါ်မှာ ဆင်လိုက်ပြီဆိုရင် ထူးခြားမှုရှိနေဖို့ လိုပါတယ်။ လူအမြင်သင့်ဖို့ လိုပါတယ်။ ဖက်ရှင် ဒီဇိုင်းအဆန်းဖြစ်တာကြောင့် ၀တ်ဆင်လိုက်ပေမယ့် အဆင်အသွေး၊ အရောင်နဲ့ ဒီဇိုင်းပုံစံက မိမိရဲ့ ပင်ကိုယ်ပုံစံနဲ့ မလိုက်ဖက်ရင် အလကားပါပဲ။ ကိုယ့်အ၀တ်ကိုယ်ဝတ်ပြီး အများက ကဲ့ရဲ့တာ၊ ပြက်ရယ်ပြုတာ ခံရတော့မှာပေါ့။ အဲဒီ့လို မဖြစ်ရအောင် သတိပြုရမယ်။ အချက်ကလေးတွေ ရှိပါတယ်။
ပင်ကိုယ်ပုံစံကို မဖုံးဖိနဲ့ တချို့လူတွေက ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံကို အားမလို အားမရ ဖြစ်တတ်ကြတယ်။ သိပ်ကိုဝဖြိုးနေတယ်။ လက်မောင်းနဲ့ တံတောင်ဆစ်က မလှဘူး။ ခါးတစ်ဝိုက်မှာ အဆီတွေ စုပြီး ၀မ်းဗိုက်က ဖောင်းနေတယ်။ ပိန်လွန်းတော့ ရင်မရှိ၊ ခါးက ရှိုက်ကုန်း၊ လက်နဲ့ ခြေထောက်တွေက သစ်ကိုင်းလိုဖြစ်။ လည်တံရှည်တယ်၊ လည်ကုပ်သားတွေတက်ပြီး ဇက်ပုနေတယ် ..စသည်ဖြင့်ပေါ့။ ကိုယ့်ရဲ့ အားနည်းချက်ကို ဖုံးချင်ကြတယ်။ ဖက်ရှင် တစ်ခု ဆင်ပြီဆိုရင် အဲဒီ့လို ဖုံးဖိကွယ်ဝှက်ဖို့ ဦးစားမပေး ပါနဲ့။ ၀သူလည်း ၀တဲ့အလျောက် အဆင်ပြေလိုက်လျောတဲ့ ၀တ်စုံမျိုး ရှိပါတယ်။ ပိန်သွယ်သူတွေ အတွက်လည်း ချစ်စရာ ဖက်ရှင်ဒီဇိုင်းတွေ ဆင်လို့ရတာပါပဲ။ ၀နေတယ် ဆိုပြီး လက်ကြပ်၊ ကိုယ်ကြပ်၊ Fit ဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ၀တ်နေလို့ အဆင်မပြေဘူး။
ဘာမှမရှိလို့ဆိုပြီး အင်္ကျီအ၀တ်အစား ပွပွယောင်းယောင်းကြီးတွေ ၀တ်နေကြရင်လည်း ကြည့်ရတာ အဆင်မချောဘူး။ အရောင်တစ်မျိုးတည်း စွဲမထားပါနဲ့ Colourကို ပုံသေစွဲမှတ် ၀တ်ဆင်သူတွေ ရှိပါတယ်။ အရောင်မှိုင်းတွေကိုတော့ ၀ဖြိုးသူတွေက အမြဲလို ၀တ်ဆင်ကြတယ်။ အမည်းရောင်နဲ့ အရောင်မှိုင်းတွေက ၀တဲ့ သူတွေရဲ့ ခန္ဓာကိုယ်ကို ပိန်သယောင်ထင်စေတဲ့ အတွက် ဖြစ်ပါတယ်။ အခြား Colour တွေကို သိပ်မ၀တ်ဖြစ်ကြတော့ဘူး။ အဲဒီ့လို အရောင်တစ်ခုတည်း ပုံသေစွဲ မ၀တ်ပါနဲ့။ ကိုယ့်ရဲ့ အသားအရေ ကိုယ့်ရဲ့ ပြင်ဆင်ခြယ်သမှုနဲ့ လိုက်ဖက်ညီတဲ့ အခြားအရောင်တွေကိုပါ ၀တ်သင့်တယ်။ လူတွေရဲ့ အမြင်မှာ ကိုယ့်ဖက်ရှင်က ဘယ်တော့မှ မရိုးတော့ဘူးပေါ့။ ၀တ်စုံပုံစံ အမျိုးမျိုး ၀တ်ဆင်ပါ Jeans နဲ့ တီရှပ်၊ Skirt အတိုအရှည်၊ Blouse၊ Coat စသည်ဖြင့် ဖက်ရှင် ပုံစံအမျိုးမျိုးကို အဆင်ပြေ၊ လိုက်ဖက်အောင် ၀တ်ဆင်ပါ။
ပုံသေတစ်ခုတည်း ၀တ်တာမျိုး မလုပ်ပါနဲ့။ Accessories တွေလည်း အများကြီး ရှိတာပါပဲ။ ကိုယ့်ဖက်ရှင် ကိုယ့်ပုံစံနဲ့ အိုကေမယ့် Accessories တွေကို အမျိုးစုံ ပြောင်းလဲ ၀တ်ဆင်ရပါမယ်။ ပိန်သူ၊ ၀သူလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူတွေ အတွက်ပါ။ ပြောင်းလဲဝတ်ဆင်လိုက်တဲ့ ဒီဇိုင်းတွေက သင့်ရဲ့စိတ်ကို လန်းဆန်းသွားစေနိုင်ပါတယ်။ လူတွေက ကိုယ့်ပင်ကိုယ် အရှိအတိုင်း အားမလိုအားမရ ဖြစ်တတ်ကြပါတယ်။ ပိန်လွန်းတဲ့ နိုင်ငံကျော် မော်ဒယ်တွေရှိပါတယ်။ ၀တယ်ဆိုပြီး ဖက်ရှင်ထွင်မရတာမျိုး မရှိပါဘူး။ ပိန်ပိန်၀၀ ဖြူဖြူမည်းမည်း ရှည်ရှည်ပုပု ကိုယ်နဲ့ အဆင်ပြေ လိုက်ဖက်တဲ့ ဖက်ရှင်တွေရှိပါတယ်။ အားငယ်နေစရာ မလိုဘူး။ ဖက်ရှင် အမြင်ရှိဖို့ပဲ လိုပါတယ်။ ကမ္ဘာလောကကြီးက ဖက်ရှင်နဲ့မှ ပိုပြီး လှနေတာပါ။ ပင်ကိုယ် အရှိအတိုင်းကိုပဲ လှပဖို့ စဉ်းစားလိုက်ပါတော့။ ။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum