အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

မြတ်သောတရားဖြင့် အသက်ရှည်ခြင်း…..

Go down

မြတ်သောတရားဖြင့် အသက်ရှည်ခြင်း….. Empty မြတ်သောတရားဖြင့် အသက်ရှည်ခြင်း…..

Post  kswems Fri Feb 04, 2011 2:21 am

မကောင်းမှုပြုသောသူသည် ဤဘ၀၌လည်း ပူပန်ဆင်းရဲရ၏။ နောင်ဘ၀၌လည်း ပူပန်ဆင်းရဲရ၏။ ငါသည် ယုတ်မာ သော မကောင်းမှုကို ပြုမိချေပြီဟု နှလုံးမသာမယာ ပူပန်ဆင်းရဲရ၏။ ထိုသူသည် အပါယ်လေးပါးသို့ သွားရသည့်အခါသာ၍ ပင် ပူပန်ဆင်းရဲရ၏။
(ဓမ္မပဒ- ၁၇)
နတ်ချမ်းသာ၊ ဈာန်သမာပတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို မိခင်သည်လည်း မပေးနိုင်၊ ဖခင်သည်လည်း မပေးနိုင်၊ ဆွေ မျိုးတို့သည်လည်း မပေးနိုင်။ ကောင်းစွာ စောင့်ရှောက်ဆောက်တည်အပ်သော စိတ်သည်သာလျှင် မိဘဆွေမျိုးထက် ပိုလွန်၍ လူ၊ နတ်၊ နိဗ္ဗာန်သုံးတန်သော ချမ်းသာကိုပေးနိုင်၏။
(ဓမ္မပဒ- ၄၃)
တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏ အနံ့သည် အနည်းငယ်မျှသာဖြစ်၏။ သီလရှိသောသူတို့၏ သတင်းရနံ့သည် ထူး ကဲလွန်မြတ်သူဖြစ်၍ နတ်ပြည်၊ ဗြဟ္မာပြည်တို့၌လည်း ပျံ့ နှံ့ကြိုင်လှိုင်၏။
(ဓမ္မပဒ- ၅၆)
အိပ်မပျော်သောသူအတွက် ညတာရှည်၏။ ခရီးပန်းသောသူအတွက် ယူဇနာခရီးသည်ရှည်၏။ သူတော်ကောင်းတ ရားကို မသိကုန်သော လူမိုက်တို့အတွက် သံသရာသည် ရှည်ကြာ၏။
(ဓမ္မပဒ- ၆၀)
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum