အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

ရေမွှေးနံ့ကြိုက်သည့် ဂျာဂွါကျားသစ်များ

Go down

ရေမွှေးနံ့ကြိုက်သည့် ဂျာဂွါကျားသစ်များ Empty ရေမွှေးနံ့ကြိုက်သည့် ဂျာဂွါကျားသစ်များ

Post  kswems Fri Feb 04, 2011 2:08 am

ဂွါတီမာလာရှိ တောကြီးထဲမှ ကြောင်အကြီးစားများဖြစ်သည့် ဂျာဂွါကျားသစ်များကို သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုး သူများအနေဖြင့် အလွယ်တကူခြေရာကောက်ရှာဖွေနိုင်ခြင်းမရှိပါက ရေမွှေးပြုလုပ်ရာတွင် သုံးသည့်ကတိုးကောင်အဖိုမှ ထုတ်ယူရရှိသည့် ကတိုးနံ့ပါ Calvin Klein ရေမွှေး၏ အကူအညီကိုယူပါက အသင့်လျော်ဆုံးဖြစ်ပေလိမ့်မည်။ အဘယ်အ တွက်ကြောင့် ဂျာဂွါကျားသစ်များက Calvin Klein မှ ထုတ်လုပ်သည့် အမျိုးသားသုံးရေမွှေးအမှတ်တံဆိပ်ဖြစ်သော Obsession ကို နှစ်သက်ကြသည့် အကြောင်းရင်းကို သုတေသီများက သေချာဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။ အဆိုပါရေမွှေး ကို နယူးယောက်ရှိ တိရစ္ဆာန်ရုံများနှင့် ဂွါတီမာလာရှိ Maya Biosphere Reserve တွင် အသုံးပြုလျက်ရှိပြီး ဂျာဂွါကျားသစ် များအတွက် အရေးပါသည့်အရာဖြစ်သည်။
ရနံ့မျိုးစုံနှင့် လေ့လာစမ်းသပ်ပြီးနောက် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့အစည်းမှ သုတေသီများက ဂျာဂွါကျား သစ်များသည် Obsession ရေမွှေးနံ့ကိုရှူရိုက်မိပါက ပွတ်သပ်ခြင်း၊ အနံ့ခံခြင်းပြုလုပ်ကြပြီး အဆိုပါရေမွှေးဖြန်းထားသည့် အရာဝတ္ထုများကို နှစ်ခြိုက်သည့်အမူအရာဖြင့် ကုတ်ခြစ်တတ်ကြသည်ဟု သိရသည်။ Obsession ရေမွှေး၏ အကူအညီဖြင့် သုတေသီများက ရှားပါးပြီး တွေ့ရခဲလှသည့် ဂျာဂွါကျားသစ်များကို လျှို့ ၀ှက်ကင်မရာများရှိရာနေရာသို့ သွေးဆောင်ခေါ်ယူနိုင် ပြီး ပျမ်းမျှကျားသစ်ကောင်ရေနှင့် ၄င်းတို့မိတ်လိုက်ချိန်စသည့် အမူအကျင့်များကို မှတ်တမ်းတင်နိုင်ခဲ့ကြသည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum