အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

လူနှင့်စက်ရုပ်ခွဲခြားရာတွင် မျက်လုံးမှာ အဓိက ဖြစ်ဟုဆို

Go down

လူနှင့်စက်ရုပ်ခွဲခြားရာတွင် မျက်လုံးမှာ အဓိက ဖြစ်ဟုဆို  Empty လူနှင့်စက်ရုပ်ခွဲခြားရာတွင် မျက်လုံးမှာ အဓိက ဖြစ်ဟုဆို

Post  kswems Fri Feb 04, 2011 2:04 am

တစ်စုံတစ်ယောက်အား စက်ရုပ်လား၊ လူလား ဟု ဆုံးဖြတ်ရာ တွင် လေ့လာချက် အသစ်တစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ထိုသို့ဆုံးဖြတ် သူများအားကွဲပြားခြား နားချက်များကို ဖော်ပြနေနေသာ နေရာမှာ မျက် နှာဖြစ် ပြီး ထိုမျက်နှာများမှာ သက်ရှိ သတ္တ၀ါ များသာ ပိုင်ဆိုင်ပြီး ထိုမျက်နှာ များတွငသာလူသားများနှင့် အပြန်အလှန် ဆက်သွယ် လုပ်ဆောင်နိုင်သော စွမ်းရည်ရှိသည်ကို တွေ့ရပေသည်။
စိတ်ပညာ ဆိုင်ရာ သိပ္ပံတွင် ထိုအသစ် တွေ့ ရှိချက်ကိုဖော်ပြထားသည်။ ထိုအထဲတွင် ဖော်ပြ ထားချက်အရ မျက်နှာ ပြင်တစ်ခုအား လူနှင့်တူစေရန်နှင့် အသက်ဝင်စေရန်အတွက်တူရန် လိုအပ် သော အဓိက အစိတ် အပိုင်းမှာမျက်စိတွင်သာရှိကြောင်း ထိုဂျာနယ်တွင်ဖော်ပြထားသည်။
များစွာ သောစက်ရုပ်တို့ကို သက်ရှိနှင့်တူသော ပုံ ပေါ်စေရန် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်လာမှုကြောင့်လူသားနှင့် တူအောင်လုပ်လာသော စက်ရုပ် တစ်ရုပ်သည် လူသား တစ်ယောက်၏ ပုံသဏ္ဍ ကဲ့သို့ ပိုမိုနီးကပ်စွာ ကြက်သီး ဖြန်းဖြန်း ထလောက် အထိပင် တူလာခဲ့ကြ ပြီး ဖြစ်သည်ဟု သိရသည်။
အချို့သောအကြောင်းပြချက်များကြောင့် ထိုကဲ့သို့သော စက်ရုပ်များသည် သက်ရှိအစစ် ကဲ့သို့ မည်သည့်အခါမျှ တူလာလိမ့်မည် မဟုတ်ပေ။
အချို့ ရုပ်ရှင်များတွင်လည်း လူသားနှင့် တူသော ဇာတ်ကောင် များကို ဖန်တီးလုပ်ဆောင် လာကြသော်လည်း လုံးဝမှန်ကန်စွာ တူအောင် လုပ်နိုင်ခဲ့ခြင်းမရှိသေးဟု သိရသည်။
ထိုလေ့လာ တွေ့ရှိချက်အရ မျက်နှာကို အသက်ဝင် အောင်လုပ် သော အဓိက ဆွဲဆောင်မှု အရှိဆုံးနေရာမှာ မျက်လုံးဖြစ်သည်ဟုသိရသည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum