အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

Leader’s Profile ၀ီကီပီးဒီးယား ပူးတွဲတည်ထောင်သူ ဂျင်မီဝေးလ်စ်

Go down

Leader’s Profile ၀ီကီပီးဒီးယား ပူးတွဲတည်ထောင်သူ ဂျင်မီဝေးလ်စ် Empty Leader’s Profile ၀ီကီပီးဒီးယား ပူးတွဲတည်ထောင်သူ ဂျင်မီဝေးလ်စ်

Post  kswems Fri Feb 04, 2011 2:02 am

ဂျင်မီဒေါ်နယ်ဝေးလ်စ်သည် အမေရိကန်နိုင်ငံသား အင်တာနက်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အင်တာနက်စွယ်စုံကျမ်း Wikipedia ကို ပူးတွဲတည်ထောင်သူနှင့် အဓိကတွန်းအားပေးသူလည်းဖြစ်သည်။
ဝေးလ်စ်အား အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်၊ ဟန့်စ်ဗီးလ်ဒေသတွင် ၁၉၆၆ ခုနှစ် သြဂုတ်လ ၇ရက်တွင် မွေးဖွားခဲ့သည်။ ဝေးလ်စ်သည် ငယ်စဉ်ကပင် ၄င်း၏ အဘွားဖွင့်လှစ်ထားသော ကျောင်းငယ်လေးတွင် စောစောစီးစီး ပညာ သင်ကြားခဲ့ပြီး ငယ်စဉ်ကပင် စာဖတ်ခြင်းကို အလွန်ဝါသနာထုံသူဖြစ်သည်။ စူးစမ်းလိုစိတ် အလွန်ကြီးမားသော ဝေးလ်စ်သည် ငယ်စဉ်ကပင် ဗြိတိန်စွယ်စုံကျမ်း Britannicas နှင့် World Book Encyclopedias စာအုပ်ကြီးများကို တစ်စိုက်မတ်မတ် ဖယ် ရှားလေ့လာခဲ့သည်။
အထက်တန်းပညာရေးကို ရန်းဒေါ့ဖ်ကျောင်းတွင် တက်ရောက်ခဲ့သော ဝေးလ်စ်သည် အော်ဆန်းတက္ကသိုလ်မှ ဘဏ္ဍာရေးဘာသာရပ်အထူးပြုဖြင့် ဘွဲ့ရရှိခဲ့သည်။ အယ်လ်လာဘားမာတက္ကသိုလ်တွင် ဘဏ္ဍာရေးအထူးပြုဖြင့်ပင် ဆက် လက်ပညာသင်ကြားခဲ့ရာ မာစတာဘွဲ့ရရှိခဲ့သည်။ ဒေါက်တာဘွဲ့အတွက် အဆင့်မီခဲ့သော်လည်း ဝေးလ်စ်က ဒေါက်တာဘွဲ့အ တွက် စာတမ်းပြုစုရသည်ကို ပျင်းစရာကောင်းသည်ဟုယူဆ၍ မာစတာဘွဲ့နှင့်ပင် ပညာရေးအဆုံးသတ်ခဲ့သည်။ ဘွဲ့လွန်သင် တန်းတက်နေချိန်မှာပင် ၄င်းတက်ရောက်ခဲ့သည့် တက္ကသိုလ်နှစ်ခုစလုံးတွင် စာပေပြန်လည်သင်ကြားပို့ချခဲ့သည်။
ဂျင်မီဝေးလ်စ်သည် ၁၉၉၄ ခုနှစ်တွင် ချီကာဂိုအောပရှင်းစ်ဘဏ္ဍာရေးကုမ္ပဏီတွင် ၀င်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင်မူ ဝေးလ်စ်သည် အခြားလုပ်ဖော်ကိုင်ဖက်နှစ်ဦးနှင့်အတူ Bomis ဟူသော အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ တစ်ခုကို စတင်တည်ထောင်လုပ်ကိုင်ခဲ့သည်။ ၄င်းနောက်တွင်မှ ကြည့်ရှုသူများ ၀င်ရောက်သုံးသပ်ပြင်ဆင်နိုင်သော Nupedia ၀က်ဘ်ဆိုက်အား တည်ထောင်ရာတွင် ကနဦးမတည်ငွေ ထည့်ဝင်ခဲ့ပြီး ၄င်းဝက်ဘ်ဆိုက်မှာ Wikipedia ၏ ရှေ့ ပြေးပင်ဖြစ်သည်။
၂၀၁၁ခုနှစ်သို့ ရောက်လာသောအခါ ဂျင်မီဝေးလ်စ်နှင့် လယ်ရီဆန်ဂါးတို့သည် အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ Wikipedia ကို စတင်လွှတ်တင်ခဲ့သည်။ လွတ်လွတ်လပ်လပ် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်သော အင်တာနက်စွယ်စုံကျမ်းမှာ နေ့ချင်းညချင်း အောင်မြင်ကြီးထွားလာခဲ့ရာ မစ္စတာဂျင်မီဝေးလ်သည်လည်း Wikipedia စီမံကိန်း၏ ပြောရေးဆိုခွင့်ရှိသူနှင့် ဦး ဆောင်လှုပ်ရှားသူအဖြစ် ထင်ရှားလာခဲ့သည်။
သမိုင်းမှတ်တမ်းများအရ ၄င်းအား ၀ီကီပီးဒီးယား၏ ပူးတွဲတည်ထောင်သူဟု ဖော်ပြခြင်းကို ဂျင်မီဝေးလ်စ်က မေးခွန်း ထုတ်ပြီး ၄င်းသာလျှင် Wikipedia တစ်ဦးတည်း တည်ထောင်သူဟု ရည်ညွှန်းပြောဆိုလေ့ရှိသည်။ မစ္စတာဂျင်မီဝေးလ်စ် သည် လက်ရှိ Wikimedia ဖောင်ဒေးရှင်း၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ယင်းဖောင်ဒေး ရှင်း၏ Wikipedia လည်ပတ်ရေးကို တာဝန်ယူဆောင်ရွက်ပြီး အကျိုးအမြတ်မယူသည့် ကုသိုလ်ဖြစ်အဖွဲ့အစည်းဖြစ်သည်။
မစ္စတာဂျင်မီဝေးလ်စ်က ၄င်းကိုယ်၎င်း ဓမ္မဓိဌာန်ကျရေးအတွက် လှုပ်ရှားသူဟု ပြောဆိုလေ့ရှိသည်။ ကမ္ဘာ့အကြီး ဆုံး စွယ်စုံကျမ်းကြီးဖြစ်လာသော Wikipedia ၀က်ဘ်ဆိုက်တည်ထောင်ခြင်း ၄င်း၏အခန်းကဏ္ဍအတွက် တိုင်းမ်စ်မဂ္ဂဇင်းက ဂျင် မီဝေးလ်စ်အား ၂၀၀၆ ခုနှစ်အတွက် ထင်ရှားကျော်ကြား သြဇာအကြီးမားဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့သည်။ မစ္စတာဂျင်မီဝေး လ်စ်သည် အိမ်ထောင်နှစ်ဆက်ကျခဲ့ပြီး ဒုတိယဇနီးသည် ခရစ်စတင်းနှင့် သမီးတစ်ဦးထွန်းကားခဲ့သည်။ဂျင်မီဒေါ်နယ်ဝေးလ်စ်သည် အမေရိကန်နိုင်ငံသား အင်တာနက်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အင်တာနက်စွယ်စုံကျမ်း Wikipedia ကို ပူးတွဲတည်ထောင်သူနှင့် အဓိကတွန်းအားပေးသူလည်းဖြစ်သည်။

မစ္စတာဂျင်မီဝေးလ်စ်က ၄င်းကိုယ်၎င်း ဓမ္မဓိဌာန်ကျရေးအတွက် လှုပ်ရှားသူဟု ပြောဆိုလေ့ရှိသည်။ ကမ္ဘာ့အကြီး ဆုံး စွယ်စုံကျမ်းကြီးဖြစ်လာသော Wikipedia ၀က်ဘ်ဆိုက်တည်ထောင်ခြင်း ၄င်း၏အခန်းကဏ္ဍအတွက် တိုင်းမ်စ်မဂ္ဂဇင်းက ဂျင် မီဝေးလ်စ်အား ၂၀၀၆ ခုနှစ်အတွက် ထင်ရှားကျော်ကြား သြဇာအကြီးမားဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့သည်။ မစ္စတာဂျင်မီဝေး လ်စ်သည် အိမ်ထောင်နှစ်ဆက်ကျခဲ့ပြီး ဒုတိယဇနီးသည် ခရစ်စတင်းနှင့် သမီးတစ်ဦးထွန်းကားခဲ့သည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top

Permissions in this forum:
You cannot reply to topics in this forum