အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

အန္တရာယ်ကင်းသော နားဖာချေး ဖယ်ရှားနည်း

Go down

အန္တရာယ်ကင်းသော နားဖာချေး ဖယ်ရှားနည်း Empty အန္တရာယ်ကင်းသော နားဖာချေး ဖယ်ရှားနည်း

Post  kswems Fri Feb 04, 2011 12:50 am

သင့်နားထဲမှာ ရှိတဲ့ နားဖာချေးက နားထဲကို အညစ်အကြေးတွေ၊ အမှုန်အမွှားတွေနဲ့ ပိုးမွှားတွေ မဝင်အောင် အကာအကွယ်ပေးထားတာကြောင့် သင့်အတွက် လိုအပ်တဲ့ အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သင့်နား နာကျင်လောက်အောင် ကိုက်ခဲမယ်၊ သင့်အကြားအာရုံကိုပါ ထိခိုက်စေတယ် ဆိုရင်တော့ နားဖာချေးတွေကို ဖယ်ရှားဖို့ လိုအပ်နေပါပြီ။ နားကို မထိခိုက်စေဘဲ အန္တရာယ်ကင်းစွာ နားဖာချေး ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ပါတယ်။
၁။ အစက်ချ အသုံးပြုနိုင်တဲ့ ဘူးငယ် အလွတ်ထဲကို ကလေးခေါင်းလိမ်းဆီ (baby oil) ဖြည့်ပါ။
၂။ ခေါင်းကို စောင်းပြီး ဘူးငယ်ထဲက ဆီကို နားထဲ တစ်စက် - နှစ်စက် ထည့်ပေးပါ။
၃။ ငါးမိနစ်လောက် ထားပြီးနောက် ဆီထည့်ထားတဲ့ နားဘက်ကို ခေါင်းပြန်စောင်းပြီး နားထဲက ဆီတွေထွက်အောင်ပြုလုပ်ပါ။
၎။တစ်နေ့နှစ်ကြိမ်၊နှစ်ရက်ပြုလုပ်ပါ။
၅။ နှစ်ရက်မြောက်နေ့မှာ နားထဲရှိ ဆီကို ဖယ်ရှားပြီးနောက် နားထဲ ကပ်ကျန်နေတဲ့ ဆီကို ဖယ်ရှားဖို့ ကြက်သီးနွေးရေကို ဆေးထိုးပြွန်နဲ့ စုပ်ယူပြီး နားထဲထည့်ပါ။ ရေနွေးက သင်လက်ခံနိုင်တဲ့ အနေအထားဖြစ်ရပါမယ်။
၆။ခေါင်းကိုစောင်းပြီးဆေးထိုးပြွန်ထဲကရေနွေးကိုနားထဲထည့်ပါ။
၇။ နားထဲက နားဖာချေးတွေ ထွက်ကျလာတဲ့အထိ လောင်းထည့်ပါ။ မိနစ်အနည်းငယ်ကြာအောင် လောင်းထည့်ပေးပါ။
၈။ပြီးနောက်နားထဲကရေတွေကိုစောင်းပြီးပြန်ထုတ်ပါ။
၉။ အားလုံးပြီးစီးတဲ့အခါ နားရဲ့ အပြင်ပိုင်းကို တဘက်နဲ့ သေချာစွာသုတ်ပါ။သင့်နားထဲမှာ ရှိတဲ့ နားဖာချေးက နားထဲကို အညစ်အကြေးတွေ၊ အမှုန်အမွှားတွေနဲ့ ပိုးမွှားတွေ မဝင်အောင် အကာအကွယ်ပေးထားတာကြောင့် သင့်အတွက် လိုအပ်တဲ့ အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သင့်နား နာကျင်လောက်အောင် ကိုက်ခဲမယ်၊ သင့်အကြားအာရုံကိုပါ ထိခိုက်စေတယ် ဆိုရင်တော့ နားဖာချေးတွေကို ဖယ်ရှားဖို့ လိုအပ်နေပါပြီ။ နားကို မထိခိုက်စေဘဲ အန္တရာယ်ကင်းစွာ နားဖာချေး ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ပါတယ်။
၁။ အစက်ချ အသုံးပြုနိုင်တဲ့ ဘူးငယ် အလွတ်ထဲကို ကလေးခေါင်းလိမ်းဆီ (baby oil) ဖြည့်ပါ။
၂။ ခေါင်းကို စောင်းပြီး ဘူးငယ်ထဲက ဆီကို နားထဲ တစ်စက် - နှစ်စက် ထည့်ပေးပါ။
၃။ ငါးမိနစ်လောက် ထားပြီးနောက် ဆီထည့်ထားတဲ့ နားဘက်ကို ခေါင်းပြန်စောင်းပြီး နားထဲက ဆီတွေထွက်အောင်ပြုလုပ်ပါ။
၎။တစ်နေ့နှစ်ကြိမ်၊နှစ်ရက်ပြုလုပ်ပါ။
၅။ နှစ်ရက်မြောက်နေ့မှာ နားထဲရှိ ဆီကို ဖယ်ရှားပြီးနောက် နားထဲ ကပ်ကျန်နေတဲ့ ဆီကို ဖယ်ရှားဖို့ ကြက်သီးနွေးရေကို ဆေးထိုးပြွန်နဲ့ စုပ်ယူပြီး နားထဲထည့်ပါ။ ရေနွေးက သင်လက်ခံနိုင်တဲ့ အနေအထားဖြစ်ရပါမယ်။
၆။ခေါင်းကိုစောင်းပြီးဆေးထိုးပြွန်ထဲကရေနွေးကိုနားထဲထည့်ပါ။
၇။ နားထဲက နားဖာချေးတွေ ထွက်ကျလာတဲ့အထိ လောင်းထည့်ပါ။ မိနစ်အနည်းငယ်ကြာအောင် လောင်းထည့်ပေးပါ။
၈။ပြီးနောက်နားထဲကရေတွေကိုစောင်းပြီးပြန်ထုတ်ပါ။
၉။ အားလုံးပြီးစီးတဲ့အခါ နားရဲ့ အပြင်ပိုင်းကို တဘက်နဲ့ သေချာစွာသုတ်ပါ။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum