အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

အွန်လိုင်းမှ အင်္ဂလိပ် ဘာသာစကား အခမဲ့ သင်နိုင်ပြီ

Go down

အွန်လိုင်းမှ အင်္ဂလိပ် ဘာသာစကား အခမဲ့ သင်နိုင်ပြီ Empty အွန်လိုင်းမှ အင်္ဂလိပ် ဘာသာစကား အခမဲ့ သင်နိုင်ပြီ

Post  kswems Fri Feb 04, 2011 1:36 am

အွန်လိုင်းမှ အင်္ဂလိပ်ဘာသာ သင်ခန်းစာများအား အခမဲ့ သင်ယူနိုင်မည့် အစီအစဉ် တစ်ရပ်ကို enjoy ပေါ်တယ်လ်မှ ပြုလုပ် ထားကြောင်း သိရသည်။ သင်ယူလိုသူသည် www.enjoy.net.mm တွင် ဝင်ရောက်ကာ အင်္ဂလိပ် ဘာသာနှင့် ပတ်သက်သည့် သဒ္ဒါ သင်ခန်းစာ များ၊ အရေး၊ အဖတ် သင်ခန်းစာများကို သင်ယူနိုင်မည် ဟု သိရသည်။

“ဝက်ဘ်ဆိုက်မှာ ရှိတဲ့ e - Learning နေရာမှာ ဝင်ရောက်ပြီး တင်ထားတဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူ လိုက်ရုံပါပဲ ” ဟု enjoy ပေါ်တယ်လ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းကဏ္ဍကို ၂ဝ၁၁ ဇန်နဝါရီ လဆန်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ e-Learning စနစ်အား အသုံးပြုရန် အတွက် အွန်လိုင်းမှ မှတ်ပုံတင်ရန် လိုအပ်ရာ Register ပြထားသော နေရာတွင် ဝင်ရောက်၍ သတ်မှတ် ထားသော အချက်အလက်များ ဖြည့်စွက်ရမည် ဖြစ်သည်။ လေ့လာသင်ယူ လိုသူများသာမက မိမိတို့၏ အင်္ဂလိပ်စာ အရည်အသွေးကို စစ်ဆေးလိုသူများအတွက်လည်း Quiz များ ထည့်သွင်း ပေးထားကြောင်း သိရသည်။

ယင်းသို့ အင်္ဂလိပ်ဘာသာ သင်ယူနိုင်မည့် နိုင်ငံတကာ ဝက်ဘ်အွန်လိုင်းမှ အင်္ဂလိပ် ဘာသာစကား အခမဲ့ သင်နိုင်ပြီ ဆိုက်များ ရှိသော်လည်း ပြည်တွင်း အိုင်တီ ကုမ္ပဏီများက အွန်လိုင်းမှ အခမဲ့ သင်ကြားပေးနိုင်သည့် ဝက်ဘ်ဆိုက်များ နည်းပါးသည့် ကာလတွင် အဆိုပါ အစီအစဉ်မှာ ပြည်တွင်း အင်္ဂလိပ်ဘာသာ လေ့လာသူများ အကျိုးရှိစေမည် ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

အောင်ဇော်
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum