အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

အိမ်မွေးတိရစ္ဆာန်များနှင့် တစ်အိပ်ရာတည်းအိပ်စက်ပါက ရောဂါရစေနိုင် ရောဂါ ၂၅၀ တွင်၁၀၀ မှာ အိမ်မွေးတိရစ္ဆာန်များမှ တစ်ဆင့် ကူးစက်ဟုဆို

Go down

အိမ်မွေးတိရစ္ဆာန်များနှင့် တစ်အိပ်ရာတည်းအိပ်စက်ပါက ရောဂါရစေနိုင် ရောဂါ ၂၅၀ တွင်၁၀၀ မှာ အိမ်မွေးတိရစ္ဆာန်များမှ တစ်ဆင့် ကူးစက်ဟုဆို  Empty အိမ်မွေးတိရစ္ဆာန်များနှင့် တစ်အိပ်ရာတည်းအိပ်စက်ပါက ရောဂါရစေနိုင် ရောဂါ ၂၅၀ တွင်၁၀၀ မှာ အိမ်မွေးတိရစ္ဆာန်များမှ တစ်ဆင့် ကူးစက်ဟုဆို

Post  kswems Fri Feb 04, 2011 12:30 am


တိရစ္ဆာန်ကိုင်တွယ်ပြီးလျှင် လက်ကိုရေဖြင့်စင်ကြယ်အောင် ဆေးကြောရန် ၊ တိရစ္ဆာန်များအား တိရစ္ဆာန်ကုဆရာဝန်များနှင့် မှန်မှန်ပြရန် အကြံပြုထား
ကယ်လီဖိုးနီးယား တက္ကသိုလ်တိရစ္ဆာန် ဆေးကုပညာ ဌာနမှ ပါမောက္ခ ဘာရူနိုချို မဲလ်၏ လေ့လာ ချက် အရ အိမ်မွေး တိရစ္ဆာန် ဖြစ်သည့်ခွေးနှင့် ကြောင်တို့အား မိမိတို့နှင့် တစ်အိပ်ရာတည်း အိပ် စေခြင်း ည် ရောဂါ များရစေနိုင်ကြောင်း၊ တိရစ္ဆာန် မှ လူသို့ ကူးစက် တတ်သည့် ရောဂါ ၂၅၀ တွင် ရောဂါ ၁၀၀ မှာ အိမ်မွေး တိရစ္ဆာန် များမှ တစ်ဆင့် ကူးစက်ကြကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
အိမ်မွေးခွေးနှင့် ကြောင်များထားရန် သီးသန့် နေရာများ အချို့နိုင်ငံတွင် ရှိနေကြကြောင်း ၊ မိမိအိပ် ရာသို့ မတက်စေရ ကြောင်း ၊ တိရစ္ဆာန် များ အား နမ်းရှုပ် ခြင်းသည် ကိုယ်ခန္ဓာ၏ အစာချက် စနစ်ကို ပျက်စီး စေပြီး ကြောင်ကုပ်လျှင် အသည်း၊ ကျောက်ကပ်နှင့် သရက်ရွက်တို့ကို ထိခိုက်စေ ကြောင်းလည်း သိရသည်။
ကြောင်ချေးများ တွယ်ကပ်နေ သောကြောင်အား မိမိနှင့်အတူ အိပ်စေသော ကိုးနှစ် အရွယ်ရှိ အရီ မိုးနားမှ ယောက်ျားလေးတစ်ဦးမှာ ပလိပ်ကပ်ရောဂါ ရခဲ့ကြောင်း၊ အသက် (၄၈) နှစ် အရွယ် လူတစ်ဦး မှာလည်း ၄င်းနှင့်အိပ် သောခွေးမှ မျက်နှာသို့ မကြာခဏလျက်သောကြောင့် ပဋိဇီဝဒဏ်ခံမကြာခဏ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
အိမ်မွေးခွေး ရှိသူများ ထဲမှ ၅၃ ရာခိုင်နှုန်း သည် တိရစ္ဆာန် အား မိသား စုဝင်တစ်ဦး အဖြစ် သဘော ထား တတ်ကြပြီး ၅၆ ရာခိုင်နှုန်းမှာ သူတို့နှင့် တစ်အိပ်ရာတည်း အိပ်ကြကြောင်း၊ ၆၅ရာခိုင်နှုန်း သော တိရစ္ဆာန် များမှာ ၄င်းတို့ ကိုယ်ပိုင်အိပ်ရာတွင် အိပ်ကြကြောင်း ပြောပြသည်။
၂၅ ရာခိုင်နှုန်းသော အမျိုးသမီး များက အိမ်မွေး တိရစ္ဆာန် များနှင့် အိပ် ကြောင်း သိရပြီး ယောက်ျား များမှာ ၁၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ထိုတိရစ္ဆာန် များကိုင်တွယ်ပြီးလျှင် လက်ကိုရေဖြင့် စင်ကြယ်စွာ ဆေးကြော ရန်၊ တိရစ္ဆာန် များအား တိရစ္ဆာန် ဆရာဝန်များနှင့် မှန်မှန်ပြသရန် အကြံပြုထား သည်။ အိမ်မွေးတိရစ္ဆာန် များထားရှိ ခြင်းသည် သွေးတိုး နှုန်း ကျစေခြင်း၊ ပျင်းရိငြီး ငွေ့မှုကို လျော့စေခြင်း စသည့် အချက်များ ရှေးကာလ လေ့လာမှုများ မှ ဖော်ပြထားခဲ့ကြသည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum