အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

ရည်ရွယ်ချက်ကဘာလဲ ?

Go down

ရည်ရွယ်ချက်ကဘာလဲ ? Empty ရည်ရွယ်ချက်ကဘာလဲ ?

Post  kswems Wed Feb 09, 2011 7:22 pm

အားလုံးက ၀ိုင်းငေးကြ

သိပ်လှလို့များ ထင်နေသလား ညီမငယ်။

လူတကာအာရုံစိုက်လို့ သိပ်မိုက်တယ်မထင်ပါနဲ့

အများရဲ့ မြင်အာရုံ တပုံစီကွဲတာမို့

တချို့က အမြင်ထူး မမြင်ဘူးလို့ကြည့်ကြတယ်။

တချို့က တမင်ရွဲ့ ကဲ့ရဲ့လို လို့ကြည့်ကြတယ်။

အကြည့်ပေါင်းများစွာကို You အားမနာလေရော့သလား?

လွဲမှားတဲ့ ၀တ်ဆင်မှုက အန္တရယ်အစုံနဲ့နီးတယ်နော်

မောင်ဘွားနဲ့ မိဘ ဆုံးမ၍မလွယ်တာမို့

ပြစ်ပယ်လို့ ထားပြီထင်ရဲ့။

မြင်တဲ့သူအတုယူမှားအောင်

ပေါင်အထိခွဲကာထားတဲ့အပြင်

ရင်ပြင်က ဟိုက်နေတာကြောင့်

လေတိုက်မှာပင်မတွေးရဲ

ဘေးကွဲတာက ရင်မအေးစရာ

အပြေးကလေး ကားပေါ်တက်ပြန်တော့

အခက်အခဲတွေနဲ့ ကြုံရပြန်

ကာယကံရှင်က မရှက် မြင်တဲ့သူကရတက်ပွေ

ခက်နေတာက ကြော်ငြာခေတ်မို့

စေတနာအစစ်နဲ့မေးပါရစေ ညီမငယ်ရယ်

နင့် ရည်ရွယ်ချက်က ဘာလဲ???????

(ကျွန်တော် ညီမငယ်လေးများကို စေနာအစစ်နဲ့မေးကာ ရေးသားခဲ့တာပါ)
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum