အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

WARNING......FOR GIRL......!!!!!

Go down

WARNING......FOR GIRL......!!!!! Empty WARNING......FOR GIRL......!!!!!

Post  kswems Mon Feb 07, 2011 9:20 pm

စိတ်ကိုတက်ကြွစေပြီး ပင်ကို ပုံမှန်စိတ်ကို ပြောင်းလဲစေတဲ့ ပီကေ တို့၊ သကြားလုံးတို့ရှိတဲ့ အတွက် ချစ်သူရည်းစားက ပီကေ ၊ သကြားလုံး တို့ရှိတဲ့ အတွက် ချစ်သူရည်းစား က ပီကေ၊ သကြားလုံးကျွေး တဲ့အခါမှာ မိန်းကလေး တွေ အနေနဲ့ အလွယ်တကူစားတာမျိုး တွေ မလုပ်သင့်ဘူး လို့သိရပါတယ်။
မူးယစ်ဆန့်ကျင် ရေး MANA မှ ဒေါက်တာ မောင်မောင်လွင်က ဈေးကွက်ထဲမှာ စိတ်ကြွစေတဲ့ ပီကေနဲ့ စိတ်ကြွစေတဲ့ သကြားလုံးတွေ ပေါ်နေတယ်။ အဲဒီ လို စိတ်ကြွ စေတဲ့ အရာတွေ စားမိရင် စိတ်ကို ပျောက်စေတယ်။ အဲလို ဆေးတွေသုံးမိတဲ့ အချိန်ကျရင် လူက ရွှင်လန်း တက်ကြွလာတယ်၊ ဘယ်လောက် ပင်ပန်း တဲ့အလုပ်လုပ်နေပါစေ ပင်ပန်း တယ်လို့ မထင် ဘူး။ နောက်ဆိုး ကျိုးတစ်ခုက လိင်ကိစ္စ နဲ့ ပတ်သက်လို့ စိတ်ကို တက်ကြွစေတယ်၊ အဲဒီလို စိတ်တွေခံစားမိလာရင် သုံးမိတဲ့ လူတွေ အတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်၊
သည်စိတ်ကြွပီကေ တွေနဲ့ စိတ်ကြွသကြားလုံးတွေထဲမှာ မူးယစ် ဆေးဝါး လို့ ပြောလို့ရပေမဲ့ စိတ်ကို တက်ကြွစေတဲ့ ဟော်မုန်း ဓာတ်ပါတဲ့ ဆေးပမာဏ ဘယ်လောက် ပါဝင်တယ်ဆိုတာ မသိနိုင်ဘူး။ အရင် တုန်းက စိတ်ကြွဆေးဆိုတာ သက်သက်ရှိတယ်။ ထိုင်းဘက်ကနေ ၀င်ပြီး ဆေးထုပ် မှာ မရိုးသား တဲ့ပုံ တွေဆွဲထား တာတွေရှိတယ်။ အဲသည်လိုဆေးတွေ က ၀ယ်ဖို့လည်း မလွယ်ဘူး။ သုံးတဲ့သူတွေက ခန္ဓာကိုယ် နဲ့ ရင်းပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေ ကသူတို့ လုပ်ငန်း အတွက်ဝယ်ယူ သုံးစွဲ ကြ တယ်။ အခု ချိန်မှာ ပေါ်နေတဲ့ စိတ်ကြွ ပီကေတွေ ၊ စိတ်ကြွ သကြားလုံးတွေက စိတ်ကြွဆေးလို့ ပေါ်တင်ခေါ်ဖို့ မရအောင် လုပ်ထားတယ်။ မရိုးသားတဲ့ စိတ်နဲ့ တစ်ပါးသူ ကိုကျွေး မယ်ဆိုရင် မသိနိုင်ဘူးလို ဒေါက်တာ မောင်မောင်လွင်က ပဲ ဆိုပါတယ်။
တချို့ ခေတ်လူငယ်တွေက သည်စိတ်ကြွပီကေ ၊ စိတ်ကြွ သကြားလုံးတွေကိုချစ်သူ မိန်းကလေး ကိုကျွေးပြီး လိင်ကိစ္စ ဆွဲဆောင်တာတွေ ရှိတယ်လို့သိရပါတယ် ။ ဗိုလ်တထောင်မြို့နယ်နေ မိန်းကလေး တစ်ဥိးက သူငယ်ချင်း ယောက်ျားလေး တစ်ဦးက သူ့ကောင်မလေးကို ပီကေကျွေး ဖူးတယ်လို့ ပြောပြတယ်။ ကောင်မလေး က မသိဘဲ စားလိုက်မိပြီး စားမိတဲ့ခဏတာ အတွင်းမှာ သူတို့ အတူတူ နေမိ ကြတယ်။ ကောင် မလေး အသိစိတ်ရလာတော့ စိတ်ဆိုးပေမဲ့ ကိုယ့်ချစ်သူ ယောက်ျားလေး ဖြစ်နေတော့ ခွင့်လွှတ်လိုက်ရတယ် လို့ ပြောပါတယ်။ အဲသည်မိန်းကလေးကပဲ သူ့သူငယ်ချင်း မိန်းကလေးတွေ ယောက်ျားလေးတွေ ကျွေးတာ စားမိမှာ စိုးလို့ ဈေးကွက်ထဲမှာ စိတ်ကြွပီကေတွေ ၊ စိတ်ကြွသကြားလုံး တွေရှိတယ်လို့ ပြောပြတာ ပါလို့ ဆိုပါတယ်။
သည်လို စိတ်ကြွ ပီကေတို့ ၊ စိတ်ကြွသကြားလုံး တို့ကို ခဏခဏ စားမိရင် ဆေးမသောက် ရရင် နေမကောင်း တာတွေ ဖြစ်လာတယ်။ စိတ်ဓာတ်ကျ အိပ်လို့မရဘဲ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း မှုတွေ ရေရှည်မှာ ဖြစ်လာတယ်။ လက်တလောမှာ တော့ ချစ်သူ ရည်းစားတွေ စားမိသွားရင် စားမိတဲ့ ခဏတာ အသိစိတ် ပျောက်သွားတဲ့ အတွက် မိန်းကလေးတွေ ဘ၀ ပျက်နိုင်တယ်။ တချို့ ယောက်ျား လေး တွေကျတော့ ချစ်သူ ရည်စား မဟုတ်ဘဲ နဲ့ လုပ်တဲ့သူတွေ ရှိတယ်။ ဒါကြောင့် ခစ်ျသူ ရည်းစား ကျွေးတာ မှ မဟုတ် ဘဲကိုယ်နဲ့ အခုမှ သိတဲ့ သူစိမ်းယောက်ျား လေး ကျွေးတဲ့ပီကေ၊ သကြားလုံးတို့ကို ယုံကြည်ပြီး မစား သင့်ဘူးလို့ မူးယစ် ဆန့်ကျင်ရေး MANA မှ ဒေါက်တာ မောင်မောင်လွင်က အကြံပြုပါ တယ်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum