အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

ကျန်းမာရေးအတွက် လေယာဉ်မစီးခင် ပြုလုပ်ထားသင့်သော နည်းလမ်းခုနစ်သွယ်

Go down

ကျန်းမာရေးအတွက် လေယာဉ်မစီးခင် ပြုလုပ်ထားသင့်သော နည်းလမ်းခုနစ်သွယ် Empty ကျန်းမာရေးအတွက် လေယာဉ်မစီးခင် ပြုလုပ်ထားသင့်သော နည်းလမ်းခုနစ်သွယ်

Post  kswems Mon Feb 07, 2011 9:15 pm

၁။ လေဆိပ်ထဲက အိမ်သာထဲ သွားပါ
Boarding Pass ကို မကျော်ခင် လေဆိပ်ထဲက အိမ်သာထဲမှာ ဆီးသွားပေးပါ။ လေဆိပ်ထဲက အိမ်သာတွေက လေယာဉ်ပေါ်က အိမ်သာတွေထက် အများအားဖြင့် ပိုသန့်ရှင်းလေ့ရှိပါတယ်။ ဒါဆိုရင် လေယာဉ်ပေါ်မှာ အိမ်သာသွားရတဲ့ အကြိမ်ရေနည်းသွားပြီး လေယာဉ်စီးချိန်အတောအတွင်း ပိုးမွှားကူးစက်ခံရမှုကိုပါ အတန်အသင့် ရှောင်ရှားနိုင်ပါလိမ့်မယ်။

၂။ လက်များကို သေချာဆေးကြော သန့်စင်ပါ
လေဆိပ်မှာ အိမ်သာသွားပြီးတာနဲ့ ဆပ်ပြာတိုက်ကာ လက်ဆေးပါ။ ဘုံပိုင်ခေါင်းကို တစ်သျှူးနဲ့ကိုင်ပြီး အဖွင့်အပိတ် ပြုလုပ်ပါ။

၃။ ရေများများ သောက်ပါ
လေယာဉ်ပေါ်မှာ ရေဓာတ်ခန်းခြောက်မှု လျော့နည်းအောင် ရေကို ကြိုသောက်ပေးပါ။

၎။ သင့်နှာခေါင်းကို စိုစွတ်အောင် လုပ်ပါ
လေယာဉ်ကွင်း လေထုခြောက်သွေ့မှုကြောင့် နှာခေါင်းခြောက်သွေ့ကာ နှာခေါင်းသွေးယိုနိုင်ပါတယ်။ နှာခေါင်းအတွင်းက အချွဲမြှေးတွေ စိုစွတ်ပြီး စီးဆင်းမှု အားကောင်းအောင် နှာခေါင်းဖျန်းဆားရည် (Saline Nasal Spray) ဆောင်ထားပါ။

၅။ ဒိန်ချဉ်သောက်ပါ
ဒိန်ချဉ်ထဲမှာပါဝင်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတဲ့ အာနိသင်ရှိပါတယ်။ နေ့စဉ်အဆီနည်း ဒိန်ချဉ်တစ်ခွက် သောက်တာက အအေးမိနိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေဟာ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ပေးလို့ပါ။

၆။ လေယာဉ်မစီးခင် မျက်ကပ်မှန်ဖြုတ်ပါ
လေယာဉ်စီးတဲ့အခါ လေယာဉ်ကွင်း လေထုခြောက်သွေ့မှုကြောင့် မျက်ကပ်မှန် တပ်ထားရတာ မသက်မသာ ခံစားရတတ်ပါတယ်။ ဒါကြောင့် လေယာဉ်မစီးခင် လေဆိပ်ထဲက ရေချိုးခန်းအိမ်သာထဲမှာ မျက်ကပ်မှန် ချွတ်ထားနိုင်ပါတယ်။ လေယာဉ်စီးစဉ်အတွင်း မျက်စိကို မဆေးရသေးတဲ့ လက်နဲ့ထိတွေ့ခြင်းကို ရှောင်ပါ။

၇။ ကိုယ်ခံစွမ်းအားစနစ် ကောင်းစေသော ဖြည့်စွက်ဆေးသောက်ပါ
ဗီတာမင်စီ၊ ဇင့်ငုံဆေးပြားစတဲ့ ဖြည့်စွက်ဆေးတွေဟာ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတာကြောင့် လေယာဉ်ပေါ်ကို ဆောင်ယူပြီး အသင့်အတင့် မှီဝဲပေးသင့်ပါတယ်။

Ref: Good Health
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum