အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

မျက်မမြင်များ ကားမောင်းနိုင်မည့် နည်းပညာသစ်

Go down

မျက်မမြင်များ ကားမောင်းနိုင်မည့် နည်းပညာသစ် Empty မျက်မမြင်များ ကားမောင်းနိုင်မည့် နည်းပညာသစ်

Post  kswems Fri Feb 04, 2011 3:00 am

မျက်မမြင်များ အတွက် အထူးနည်းပညာဖြင့် မောင်းနှင်နိုင်ရန် ပြုလုပ်ထားသည့် ကားကို မျက်မမြင်တစ်ဦးမှ ပထမဆုံး သရုပ်ပြ မောင်းနှင်ပွဲကို ဇန်နဝါရီ ၂၆ရက်က အမေရိကန်နိုင်ငံ ဒေကိုနာ နိုင်ငံတကာ အဝေးပြေး လမ်းမကြီးတွင် ကျင်ပးခဲ့ကြောင်း သိရသည်။ မျက်မမြင်များ မောင်းနှင်နိုင်မည့် ကားကို စမ်းသပ် မောင်းနှင်ပြခဲ့သူ ရစ်ကိုကိုနိုင်သည် အသက်၅နှစ် ကထည်းက မျက်မမြင်ဖြစ်ခဲ့သူ ဖြစ်ပြီး ယခု နည်းပညာကို ၎င်းအနေဖြင့် အလွန်ပင် သဘောကျမိ ပါကြောင်း၊ ၎င်း စီမံကိန်းသည် ကြီးမားသော အိပ်မက်တစ်ခု မက်ပြီး ကြိုးစားလျှင် ဖြစ်နိုင်သည် ဆိုသည့် အချက်၏ နမူနာ ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ယင်းသည် စတန့် တစ်ခုသာ မဟုတ်ဘဲ အမှန်ပင် မျက်မမြင်များ ကားမောင်းနိုင်ပြီ ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ အမေရိကန် အမျိုးသား မျက်မမြင် ဖောင်ဒေးရှင်းသည် အဖွဲ့ဝင် ပေါင်း ၅၀၀၀၀ ကျော်ရှိကာ လွန်ခဲ့သည့် ၁၀နှစ်ကျော် ကတည်းက မျက်မမြင်များ ကားမောင်းနိုင်ရန် စိတ်ကူးကို ကြံဆနေခြင်း ဖြစ်သည်။ ယင်းနောက် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများသည်လည်း အမေရိကန် ကာကွယ်ရေးဌာနမှ ပြုလုပ်သည့် ပြိုင်ပွဲများတွင် မျက်မမြင်များ အတွက် စက်ရုပ်ဆန်သည့် ကားများ တီထွင်ပြီး ပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။

ZMO,Ref: Internet
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum