အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

မြန်မာ့သိုင်းပညာရပ်ကို ဥရောပတွင် သွားရောက်ပြသမည်

Go down

မြန်မာ့သိုင်းပညာရပ်ကို ဥရောပတွင် သွားရောက်ပြသမည် Empty မြန်မာ့သိုင်းပညာရပ်ကို ဥရောပတွင် သွားရောက်ပြသမည်

Post  kswems Fri Feb 04, 2011 2:23 am

မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ သိုင်းသရုပ်ပြအဖွဲ့သည် ဥရောပနိုင်ငံများသို့ ပထမဆုံးအကြိမ်အဖြစ် မြန်မာ့သိုင်းပညာရပ် များကို သွားရောက်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လာမည့် မတ်လ ၁၉ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ၌ ပြုလုပ်မည့် ကိုယ်ခံပညာများ၏ ည (The Nights of Martial Arts) ပြပွဲအစီအစဉ်တွင် မြန်မာသိုင်းသရုပ်ပြအဖွဲ့က မြန်မာ့သိုင်းပညာရပ်များကို မိနစ်နှစ်ဆယ်ကြာ ပြသသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာ့သိုင်းပညာစွမ်းရည်ပြကွက် (ဓား၊ တုတ်၊ လှံ၊ လက်) တွေ၊ မြန်မာ့ရိုးရာသိုင်းပညာသိဒ္ဓိစွမ်းရည်ပြကွက်များ (ဥပ မာ- လူနှစ်ဦး မျက်နှာချင်းဆိုင် မှိန်းချွန်လေးချောင်း ရင်အုံထောက်တွန်းကွေးပြခြင်း အစရှိသည့် ပြကွက်)ကို ပြသသွားမှာပါဟု မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အမှုဆောင်ဆရာကြီး ဦးမင်းယက္ခက ပြောသည်။
ထို့အပြင် မြန်မာသိုင်းသရုပ်ပြအဖွဲ့သည် မတ်လ ၂၆ရက်တွင် ပြင်သစ်နိုင်ငံ၊ ဘာစီကမ်းခြေတွင် ကျင်းပမည့် ကိုယ်ခံ ပညာရပ်များပွဲတော် (Festival of the Martial Arts) တွင်လည်း မြန်မာ့ရိုးရာသိုင်းပညာရပ်များကို ဆက်လက်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံက ရိုးရာသိုင်းအဖွဲ့အနေနဲ့ အရင်က အာရှနိုင်ငံတွေကိုတော့ သွားရောက်သရုပ်ပြသဖူးပါတယ်။ ဥရောပ နိုင်ငံတွေကို သွားရောက်သရုပ်ပြတာကတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ စုစုပေါင်း အဖွဲ့ဝင် ၁၀ဦး သွားရောက်ပြသမှာပါ ဟု ဦးမင်းယက္ခက ပြောသည်။
အဆိုပါ အစီအစဉ်ဖြစ်ပေါ်လာခြင်းမှာ ဆွစ်ဇာလန်နိုင်ငံ၊ လော့ဆမ်မြို့ တွင် ရုံးစိုက်သည့် အပြည်ပြည်ဆိုင်ရာ သိုင်းဗန် တိုအဖွဲ့အစည်း (International Thaing Bando Association ITBA) မှ ဖိတ်ခေါ်ကမ်းလှမ်း၍ ဖြစ်ကြောင်း သိရသည်။ ITBA သည် မြန်မာသိုင်းအဖွဲ့၏ အထွေထွေကုန်ကျစရိတ်အားလုံးကို တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ITBA မှ တာဝန်ရှိသူများသည် ၂၀၁၀ပြည့်နှစ်အတွင်းကတည်းက မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာနိုင်ငံသိုင်းအ ဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သရုပ်ပြပွဲမတိုင်မီ ဇန်န၀ါရီလ ၂၅ရက်ကလည်း ရန်ကုန်မြို့ သို့ လာရောက်ကာ မြန်မာသိုင်းစွမ်းရည်ပြကွက်များအား ကြည့်ရှုသွားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံပေါင်းစုံကလည်း သူတို့ရဲ့ ရိုးရာပညာရပ်တွေကို လာရောက်ပြသကြတဲ့ ဒီလိုပွဲကြီးတွေမှာ သွားရောက်ပြ သရတဲ့အတွက် မြန်မာ့သိုင်းပညာကို ကမ္ဘာက ပိုမိုသိရှိမှာဖြစ်ပြီး၊ မြန်မာ့သိုင်းလောကအတွက်လည်း ဂုဏ်ရှိစေပါတယ်ဟု ဦးမင်းယက္ခကပြောသည်။
မြန်မာ့ရိုးရာသိုင်းသရုပ်ပြအဖွဲ့သည် အဆိုပါနိုင်ငံများ၌ မြန်မာ့သိုင်းပညာရပ်များအကြောင်း ဆွေးနွေးပွဲများလည်း ပြု လုပ်သွားမည်ဟုလည်း သတင်းရရှိသည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum