အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

မေဇင်အောင်လေး ဘွဲ့ရပြီ

Go down

မေဇင်အောင်လေး ဘွဲ့ရပြီ Empty မေဇင်အောင်လေး ဘွဲ့ရပြီ

Post  kswems Fri Feb 04, 2011 1:54 am

ဘဝမှာ ဖြစ်ပျက်ခဲ့ရသည့် လောကဓံ တရားများအတွက် အားငယ်၊ စိုးရွံ့မနေဘဲ ဇွဲရှိရှိဖြင့် ကြိုးစား ရုန်းကန်ရင်း ပညာရည် ထူးချွန်သူ တစ်ဦး ဖြစ်လာခဲ့သည့် မမေဇင်အောင်မှာ ယခုအခါ B.Sc(Stap)ဘွဲ့ကို ဆွတ်ခူး ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
(၂၀၁၀)ခုနှစ်၊ ဒီဇင်ဘာ(၂၀)ရက်တွင် ပုသိမ်တက္ကသိုလ်မှ ရရှိခဲ့သော ဘွဲ့အတွက် မမေဇင်အောင်မှာ မြောင်းမြ အ.ထ.က(၁)ရှိ အထက်တန်း ကျောင်းသူ ဘဝကတည်းက ဘဝကို အရှုံးမပေးဘဲ ပညာကို ကြိုးစား သင်ယူခဲ့သူ ဖြစ်သည်ကို သူမ၏ ကြိုးစားမှုများက သက်သေ ခံနေပေသည်။
အဖဦးကြိုင်ကြိုင်၊ အမိဒေါ်ကျင်ကြူးတို့မှ မွေးဖွားလာသော သားသမီး(၅)ယောက် အနက် အငယ်ဆုံး သမီးဖြစ်သည့် မမေဇင်အောင်မှာ မွေးရာပါ လက်နှစ်ဖက် မပါသူလေး ဖြစ်သော်လည်း အခြားသော ကျောင်းသူများ နည်းတူ ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ ဘွဲ့ဝတ်စုံဖြင့် တက်ရောက်ခွင့် ရရှိခဲ့ခြင်း အတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ် ဖော်ပြ လိုက်ပါသည်။
S.K.B
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum