အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

တော်ဝင်ရှော့ပင်း စင်တာကြီးဖွင့်လှစ်ပွဲအားဖေဖော်ဝါရီ ၆ ရက်သို့ ပြောင်းရွှေ့

Go down

တော်ဝင်ရှော့ပင်း စင်တာကြီးဖွင့်လှစ်ပွဲအားဖေဖော်ဝါရီ  ၆ ရက်သို့   ပြောင်းရွှေ့  Empty တော်ဝင်ရှော့ပင်း စင်တာကြီးဖွင့်လှစ်ပွဲအားဖေဖော်ဝါရီ ၆ ရက်သို့ ပြောင်းရွှေ့

Post  kswems Fri Feb 04, 2011 1:48 am

တော်ဝင်ရှော့ပင်း စင်တာကြီးဖွင့်လှစ်ပွဲအားဖေဖော်ဝါရီ ၆ ရက်သို့ ပြောင်းရွှေ့ ထားကြောင်း သိရသည်။
အဆိုပါ စင်တာကြီး အား ယခင်က ဇန်န၀ါရီ ၂၉ ရက်တွင ဖွင့်လှစ် မည်ဟုတရားဝင် ထုတ်ပြန် ထား သော်လည်း လာရောက်ဖွင့်လှစ် သည့်ဆိုင်ခန်း အချို့မှာ ပြင်ဆင်မှု များ မပြီး ပြတ် သေးသော ကြောင့် ဖွင့်ပွဲ ရက်အား ရက်ရွှေ့ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်အားလုံး ကို ဖွင့်လှစ်ခွင့် လဆန်းပိုင်းထဲက ပေးထားတာပါ။ ဖွင့်ပွဲ လုပ်ဖို့ကျတော့ အချို့ ဆိုင် ကြီး တွေက decoration ကမပြီးသေးလို့ ရက်ရွှေ့ လိုက်တာပါဟု တော်ဝင်မိသား စု ကုမ္ပဏီ လီ မိတက် မှ ဒါရိုက်တာ မသီရိ ထွေးက ပြောသည်။
အဆိုပါ စင်တာဖွင့်ပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကျော်အနုပညာ ရှင်များ အားဖိတ်ကြားထားပြီး Talent & Model မှ မော်ဒယ်များ က ဆန်းသစ်သော ဖျော်ဖြေ တင်ဆက်မှုများဖြင့် ဖျော်ဖြေကြမည် ဟု သိရသည်။
အဆိုပါ စင်တာာကြီးတွင်အထပ်ကိုးထပ် ပါဝင်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ရှော့ပင်း စင်တာ တစ်ခု ဖြစ်သည်။ ဈေးဆိုင် ခန်းများ အတွက် အထပ်ငါးထပ် နေရာပေးထားပြီး ဆိုင်ခန်းပေါင်း ၅၀၀ ကျော် ပါဝင် ကြောင်း သိရသည်။
ထိုစင်တာကြီး ကို နံနက် ၁၀ နာရီ မှ ည ၁၀ နာရီ အထိ ဖွင့်လှစ် ရောင်းချသွား မည်ဖြစ်သည် ။ထိုအဆောက်အအုံအား ၂၀၁၀ ဧပြီတွင် စတင်ဆောက်လုပ်ခဲ့ပြီး စတုရန်း ပေသုံး သိန်းခွဲ ကျယ်ဝန်း ကြောင်း သိရသည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum