အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

စအိုကွဲနာ...........

Go down

စအိုကွဲနာ........... Empty စအိုကွဲနာ...........

Post  kswems Fri Feb 04, 2011 1:43 am

စအိုကွဲနာသည် ၀မ်းမာမာနှင့် အရွယ်အစားကြီးသည့် ၀မ်းသွားရာမှ ဖြစ်ပေါ်တတ်သည်။ စအိုဝန်းကျင်တွင် ဖြစ်ခြင်း ကြောင့် နာကျင်မှု၊ စိတ်ကသိကအောက်ဖြစ်ရခြင်းနှင့် အဆင်မပြေမှုတို့ကို ခံစားရသည်။ စအိုကွဲနာက သင့်အစားအသောက် တွင် ဖိုင်ဘာမျှင် ပိုစားရန် သတိပေးနှိုးဆော်ချက်တစ်ရပ်ပင်။ အောက်ပါနည်းများဖြင့် သင့်စအိုကွဲနာနှင့် ပတ်သက်၍ သက် သာရာ သက်သာကြောင်း လုပ်နိုင်သည်။
သက်သာစေကြောင်းနည်းလမ်းကောင်း ဖိုင်ဘာများများစား
ဖိုင်ဘာ(Fiber) များများစားစားပါသည့် အစားအစာက ၀မ်းပျော့စေရန် အကောင်းဆုံးနည်းပဲဖြစ်သည်။ ဂျုံ၊ စပါး၊ ပြောင်း စသည့် ကောက်နှံများ ပိုမိုစားသုံးရမည့်အပြင် လတ်ဆတ်သည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို များ များစားသင့်သည်။ ယင်းတို့က ဖိုင်ဘာပမာဏ မြင့်မြင့်မားမားပါသည့် အစားအစာများပင်။ သစ်သီးဝလံများ၊ ဟင်းသီးဟင်း ရွက်များနှင့် လုံးတီးကောက်နှံများ (whole grains) က စအိုကွဲနာအတွက် အကောင်းဆုံးဆေးနှင့် ကာကွယ်နည်းများပဲ ဖြစ် တယ်ဟု အော်ရှနာ ဆေးခန်းမှ အူနှင့် စအိုခွဲစိတ်မှုဌာနမှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဘိုင်ရွတ်ဂတ်(ထ်)ရိုက်က ဆိုသည်။
ရေများများသောက်
တစ်နေ့ ရေ ၆ဖန်ခွက်မှ ၈ဖန်ခွက်အထိ သောက်ခြင်းက ၀မ်းကိုနူးစေပါသည်။ ယင်းအပြင် ဖိုင်ဘာမြင့်မြင့်မားမားပါ သည့် ဓာတ်စာကို စတင်စားသောက်သည့်အခါ ၀မ်းဗိုက်မအီမသာဖြစ်ခြင်းကို ရေကလျော့ပါးသက်သာစေနိုင်ပါသည်။
ဗီတာမင်လိမ်းဆေးခရင်(မ်)များကို သုံးပါ
အနာသက်သာစေရန်နှင့် စအိုကွဲနာ အမြန်ကျက်စေရန် ဆေးဆိုင်မှ ၀ယ်ယူရရှိနိုင်သည့် ဗီတာမင် A နှင့် D ပါ လိမ်း ဆေးများကို စမ်းသုံးကြည့်ပါဟု ဒေါက်တာ ဓာမင်အမ်ရှူစတာက အကြံပေးသည်။ ဒေါက်တာရှူစတာက ဘယ်လ်တီမိုးရှိ ဖရန် စစ်စကော့ကီးဆေးဗဟိုဌာန၊ အူလမ်းကြောင်းရောဂါဆိုင်ရာ ဌာနအကြီးအကဲဖြစ်သည်။ Hydrocortisone ခရင်(မ်)များလည်း အကူအညီရပါသည်ဟု ဒေါက်တာဂတ်(ထ်)ရိုက်က ဆိုသည်။
ဝမ်းလမ်းကြောင်းချောစေသည့် Petroleum Jelly သုံးပါ
ဝမ်းသွားမည့် အကြိမ်တိုင်း ၀မ်းလမ်းကြောင်းကို ချောဆီထည့်ပေးခြင်းဖြင့် ၀မ်းလမ်းကြောင်း (စအိုလမ်းကြောင်း)ကို အကာအကွယ်ပေးနိုင်ပါသည်။ Petroleum Jelly အတုံးလေး တစ်တုံးကို စအိုထဲလက်မ၀က်ခန့် ထိုးသွင်းထားပေးခြင်းဖြင့် ၀မ်းသွားသည့်အခါ နောက်ထပ်စအိုထိခိုက်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။
မျက်နှာသုတ်တစ်သျှူးကို သုံးပါ
အကောင်းဆုံး ရေအိမ်သုံးစက္ကူဆိုတာ toilet paper တွေ လုံးဝမဟုတ်ပါဘူး။ ရေငွေ့စုပ်တဲ့ လိမ်းဆေးသုတ်လိမ်း ထားတဲ့ မျက်နှာသုတ်တစ်သျှူးစက္ကူများ (facial tissues) သာ အက်ကွဲနေတဲ့ စအိုနေရာကို ပွတ်တိုက်မှုဒဏ် အနည်းဆုံး ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။
ဘေဘီပေါင်ဒါ (baby powder) ကို သုံးပါ
ရေချိုးပြီးတိုင်း သို့မဟုတ် ၀မ်းသွားပြီးတိုင်း စအိုဝနေရာကို ဘေဘီပေါင်ဒါနှင့် တို့ပေးပါ။ ယင်းသို့ ပေါင်ဒါတို့ပေးထား ခြင်းဖြင့် စအိုနေရာကို ခြောက်သွေ့စေပြီး တစ်နေ့လုံး ပွတ်တိုက်မှုဒဏ် နည်းပါးသွားစေရန် အကူအညီဖြစ်စေပါသည်။
ရေပန်းမျှင်မျှင်လေးကို သုံးပါ
စအိုကွဲနာရှိသူ တစ်ဦးအဖို့ ခြောက်သွေ့သည့် တစ်သျှူးစက္ကူသုံးခြင်းသည် အခံရမသက်သာသည့် အတွေ့အကြုံမျိုး ဖြစ်ပါလိမ့်မည်။ တစ်ကိုယ်ရေ သန့်ရှင်းမှု လွယ်ကူစေရန် Clean Zone ခေါ် ကိရိယာတစ်မျိုးရှိပါသည်။ ယင်းသန့်ရှင်းရေး ကိ ရိယာငယ်ကို ရေအိမ်သုံးဘုံဘိုင်ခေါင်းနှင့် ချိတ်ဆက်ထားပါက ရေပန်းမျှင်မျှင်လေး ထုတ်ပေးပြီး စအိုကို ချိန်ရွယ်ပြီး သန့်ရှင်း ရေးဆောင်ရွက်နိုင်မှာ ဖြစ်သည်။ ရေခြောက်သွေ့စေရန် တစ်သျှူးနှင့် တို့ထိခြင်းမှတစ်ပါး တစ်သျှူးစက္ကူသုံးရန် မလိုအပ်ပါ။ ဒါ က ၀မ်းသွားပြီးတိုင်း သန့်ရှင်းအောင် ပြုလုပ်ရာမှာ ကောင်းမွန်သည့် နည်းလမ်းကောင်းတစ်ခုပါဟု မစ္ဇူရီတက္ကသိုလ် ခွဲစိတ်မှု နည်းပြဒေါက်တာ ဂျွန်အေဖလက်လေက ပြောသည်။ ယင်းကိရိယာငယ်ကို စအိုကွဲနာနှင့် လိပ်ခေါင်းအတွက်ပါ အသုံးပြုနိုင်ပါ သည်။
ဒါမျိုးဆိုလျှင် ဆရာဝန်ထံ ပြသပါ
အထက်က ဖော်ပြသည့် နည်းများသုံးစွဲခဲ့သော်လည်း စအိုကွဲနာမပျောက်သေးလျှင် သို့မဟုတ် ကျင်ကြီးထဲတွင် သွေး စသွေးနတွေ့လျှင် သို့မဟုတ် ၀မ်းသွားနေစဉ် သွေးထွက်ခြင်းရှိလျှင် တတ်နိုင်သ၍ သင့်ဆရာဝန်ထံ အမြန်ပြသပါ။ သွေးထွက် ခြင်းက လိပ်ခေါင်းကြောင့် (သို့) ၀မ်းမာမာသွားခြင်းကြောင့် ဖြစ်နိုင်သော်လည်း စအိုမှ သွေးထွက်ခြင်းသည် အူမကြီးကင်ဆာ (သို့) အခြားအလေးအနက်ထားရမည့် ပြဿနာတစ်ရပ်ရပ်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင့်ဆရာဝန်က အကြောင်းရင်းမှန် ရှာဖွေတွေ့ရှိရန် သင်အစစ်ဆေးခံယူရန် လိုအပ်မည် ဖြစ်သည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum