အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဘရစ်တနေစပီးယား၏ သီချင်းခွေသစ် မတ်လ ၁၅ရက်နေ့ထွက်မည်

Go down

ဘရစ်တနေစပီးယား၏ သီချင်းခွေသစ် မတ်လ ၁၅ရက်နေ့ထွက်မည် Empty ဘရစ်တနေစပီးယား၏ သီချင်းခွေသစ် မတ်လ ၁၅ရက်နေ့ထွက်မည်

Post  kswems Fri Feb 04, 2011 1:28 am

အမေရိကန်နာမည်ကျော် ပေါ့အဆိုတော် ဘရစ်တနေစပီးယား၏ အမည်မပေးရသေးသော အယ်လ်ဘမ်သစ်သည် မတ်လ ၁၅ရက်နေ့တွင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
သူမ၏ သီချင်းခွေကို ထုတ်လုပ်ဖြန့်ချိမည့် Jive Record မှ ပေါက်ကြားလာသည့် စာရွက်စာတမ်းတစ်ခုတွင် ယင်းနေ့ စွဲဖော်ပြထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် Jive ကုမ္ပဏီက အတည်ပြုခဲ့သည်။
ဘရစ်တနေစပီးယား၏ သီချင်းခွေတွင် Dr. Luke, Max Martin, Rodney Jerkins, Avant နှင့် Bloodshy စသည့် အနုပညာရှင်များ ပါဝင်ပူးပေါင်းအားဖြည့်ပေးထားသည်။ ၄င်းအမည်မပေးရသေးသည့် အခွေတွင်ပါဝင်ပြီး ကနဦးအနေဖြင့် ထုတ်လွှင့်လိုက်သည့် Hold It Against Me မြူးဇစ်ဗီဒီယိုမှာ စတင်ထုတ်လွှင့်စဉ်မှာပင် ဘီလ်ဘုတ် ၁၀၀ ၏ နံပါတ်တစ်နေရာ ရယူနိုင်ခဲ့သည်။
၎င်းမြူးဇစ်ဗီဒီယိုအား Jonas Akerland က ရိုက်ကူးထားပြီး ဘရစ်တနေစပီးယား၏ အကောင်းဆုံးစွမ်းဆောင်မှုနှင့် ညှို့ အားပြင်းပြင်းဖြင့် ကပြထားပုံကို တွေ့ရမည်ဟု သိရသည်။
ယခုသီချင်းခွေမှာ ဘရစ်တနေ၏ သတ္တမမြောက်သီချင်းခွေဖြစ်ပြီး ၄င်း၏ နောက်ဆုံးသီချင်းခွေ Circus မှာ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့သည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum