အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

DV ဗီဇာပေါက်သည်ဟုဆိုကာ အီးမေးလ်ပို့ ငွေတောင်းခံသူများကို သတိပြုရန် သံရုံးသတင်းထုတ်ပြန်

Go down

DV ဗီဇာပေါက်သည်ဟုဆိုကာ အီးမေးလ်ပို့ ငွေတောင်းခံသူများကို သတိပြုရန် သံရုံးသတင်းထုတ်ပြန် Empty DV ဗီဇာပေါက်သည်ဟုဆိုကာ အီးမေးလ်ပို့ ငွေတောင်းခံသူများကို သတိပြုရန် သံရုံးသတင်းထုတ်ပြန်

Post  kswems Fri Feb 04, 2011 1:23 am

အမေရိကန်နိုင်ငံ အစိုးရအနေဖြင့် အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ (DV ဗီဇာ)ပေါက်သူများစာရင်းကို ၂၀၁၁ ခုနှစ် မေလ ၁ရက်မတိုင်မီအထိ ထုတ်ပြန်ကြေညာမည်မဟုတ်ဘဲ DV ပေါက်ကြောင်း အီးမေးလ်များလက်ခံရရှိပြီး ပိုက်ဆံပေးပို့ခိုင်းခြင်းများသည် အတုအယောင်များသာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက သတင်းထုတ်ပြန် သည်။
ယခုလတ်တလောတွင် အမေရိကန်အစိုးရမှပေးပို့သော အီးမေးလ်ပုံစံဖြင့် ပေးပို့ကာ အမြဲတမ်းနေထိုင်ခွင့်ဗီဇာပေါက် ကြောင်း အကြောင်းကြားပြီး ဗီဇာစုံစမ်းရန်နှင့် အခြားကိစ္စများအတွက် အမေရိကန်ဒေါ်လာများပေးပို့ရန် အကြောင်းကြားသည့် အကြောင်းအရာများ အီးမေးလ်တွင် ပါဝင်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
ဝက်ဘ်ဆိုက်တစ်ခုရဲ့ ဘေးမှာ DV ဗီဇာဖောင်တစ်ခုတွေ့တော့ ဖြည့်လိုက်တယ်။ သုံးလလောက်ကြာတော့ အီးမေးလ် နဲ့ ပေါက်တဲ့အကြောင်း အကြောင်းကြားစာရတယ်။ ပထမတော့ ၀မ်းသာသွားတာပေါ့။ နောက် နားလည်တဲ့သူတွေမေးကြည့် မှ အတုမှန်းသိတာဟု DV ဗီဇာပေါက်ကြောင်း အီးမေးလ်အတုကို လက်ခံရရှိခဲ့သူ မြန်မာလူငယ်တစ်ဦးက ပြောသည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် အမေရိကန်အစိုးရမှ DV ဗီဇာကို မေလ ၁ရက်မတိုင်မီအထိ ထုတ်ပြန်ကြေ ညာမည်မဟုတ်ဘဲ အကယ်၍ ပေါက်ခဲ့လျှင်လည်း အီးမေးလ် သို့မဟုတ် စာတိုက်မှ အကြောင်းကြားစာပေးပို့မည်မဟုတ် ကြောင်း ဖော်ပြပါရှိသည်။ DV ဗီဇာပေါက်ပါကလည်း ပေါက်၊ မပေါက်သိရှိရန် ငွေပေးပို့ရန် မလိုကြောင်း သိရသည်။
အကယ်၍ DV 2012 ဗီဇာပေါက်မပေါက်သိလိုပါက ၂၀၁၁ခုနှစ်၊ မေလ ၁ရက်မှစ၍ ၀က်ဘ်ဆိုက်လိပ်စာ www. dvlottery.state.gov သို့ ၀င်ရောက်ကာ Entry Status Check တွင် ၀င်ရောက်ကာကြည့်ရှုနိုင်ပြီး ထိုနည်းသာလျှင် DV ဗီ ဇာပေါက်မပေါက်သိရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ထို့အပြင် အီး မေးလ်ဖြင့် DV ပေါက်ကြောင်း အကြောင်းကြားကာ ငွေပို့ခိုင်းသည်များရှိခဲ့လျှင်လည်း မပို့ကြရန် အထူးသတိပြုကြရန် သတိ ပေးပြောကြားထားသည်။ DV ဗီဇာနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းလိုပါက သံရုံး၏၀က်ဘ်ဆိုက် သို့မဟုတ် ကောင်စစ် ဌာန၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ၀င်ရောက်ဖတ်ရှုနိုင်သည်။ အီးမေးလ်ပေးပို့ကာ မေးမြန်းလိုပါက consularangoon@state .gov သို့ ပေးပို့မေးမြန်းနိုင်ကြောင်း သိရသည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum