အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဘာထင်လဲ .....????

Go down

ဘာထင်လဲ .....???? Empty ဘာထင်လဲ .....????

Post  kswems Fri Feb 04, 2011 1:08 am

လက်ထပ်ပြီး ခါစ ဇနီးမောင်နှံ နှစ်ဦးသည် ၄င်းတို့၏ အိမ်သစ် သို့ ပြောင်းရွှေ့ နေထိုင်ကြသည်။ ရက် အနည်းငယ် ကြာသော အခါ မိန်းမက ယောက်ျားအား အခုလိုပြောသည်။
ရေချိုခန်းထဲက ရေပိုက်ပေါက် နေတာကို ပြင်လိုက်ဦး နော် ။
မင်းကိုယ့်ကို ဘာထင်လို့လဲ ။ ပိုက်ပြင်သမား များ အောက်မေ့နေသလား ဟုပြန်ပြော ၏၊ နောက် ရက် အနည်းငယ်ကြာသောအခါတွင် မိန်းမက ….
အိမ်ခေါင်မိုးက မိုးယိုနေတယ် ကို။ ကိုပြင်တတ် မဟုတ်လား ဟုပြောပြန်ရော ယောက်ျားက….
မိန်းမရယ်။ မင်းကိုယ့်ကို လက်သမားများ အောက်မေ့နေသလား ကွာ ။ နောက်ထပ် ရက် သတ္တပတ် ကြာသောအခါတွင်မိန်းမက ယောက်ျားအား အပျက်အစီး အားလုံး ပြင်ဆင်ပြီးပြီ ဖြစ်ကြောင်း ပြောသည်။
အဲဒီ အတွက်ကိုယ်ပိုက်ဆံဘယ်လောက်ပေးရမလဲ ဟု ယောက်ျားက မေးရာ …
တစ်ပြားမှ ပေးစရာ မလိုဘူး ကို။ လုပ်တတ် ကိုင်တတ်ရှိတဲ့ လူတစ်ယောက် ကို ကျွန်မ ခေါ်ပြင်ခိုင်း လိုက်တာ။ သူကပြောတယ်။ အဲဒါတွေ ပြင်ဆင်ခ အတွက် ကျွန်မက ကိတ်မုန့်တစ်လုံး ဖုတ်ပေးရင် ပေး ဒါမှမဟုတ် သူ့အလိုတစ်ခု လိုက်ရမယ် တဲ့။
မင်းသူ့ကို ဘာကိတ်မုန့် ဖုတ်ပေးလိုက်သလဲ ဟုယောက်ျားက မေးရာ…..
ကို ကလည်း ။ ကျွန်မကို ကိတ်မုန့်ဆိုင်က မိန်းကလေးများ အောက်မေ့နေသလား ။
Laughing
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum