အကြင်နာနန်းတော် ဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.

ဟင်းသီးဟင်းရွက်မှစ၍ ကားအထိဝယ်နိုင်သော လက်ကားဈေးကြီး မတ်လတွင်ဖွင့်မည်

Go down

ဟင်းသီးဟင်းရွက်မှစ၍ ကားအထိဝယ်နိုင်သော လက်ကားဈေးကြီး မတ်လတွင်ဖွင့်မည် Empty ဟင်းသီးဟင်းရွက်မှစ၍ ကားအထိဝယ်နိုင်သော လက်ကားဈေးကြီး မတ်လတွင်ဖွင့်မည်

Post  kswems Fri Feb 04, 2011 12:34 am

ဟင်းသီးဟင်းရွက်၊ သားငါးမှအစ မော်တော်ယာဉ်များအထိ ကုန်ပစ္စည်းမျိုးစုံကို အသက်သာဆုံးဈေးဖြင့် အိမ်အ ရောက်ပို့ဆောင်ရောင်းချပေးမည့် မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံးနိုင်ငံတကာအဆင့်မီ ဂန္ဓမာလက်ကားဈေးကြီး (Wholesale Market) မကြာမီပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ဟင်းသီးဟင်းရွက်များအပါအ၀င် ပြည်တွင်းနှင့် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယားနိုင်ငံထုတ် စား သောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ မီးဖိုချောင်သုံးပစ္စည်း စသည်တို့ကို ရောင်းချပေးမည့် လက်ကားဈေးကြီးကို လာမည့် မတ်လအတွင်း ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း ဂန္ဓမာ Wholeasle Market မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံမှာ မင်္ဂလာဈေးတို့၊ ညောင်ပင်လေးဈေးတို့လို Traditional Wholesale Market တွေရှိပြီး ဆိုင်ခန်းတွေ ၀ယ်ပြီး ငှားပြီးတော့ ကိုယ်ရောင်းချင်တဲ့ပစ္စည်းတွေကို ကြိုက်တဲ့ဈေးနှုန်းနဲ့ ရောင်းကြတယ်။ ပစ္စည်းတစ်မျိုးထဲကို ဆိုင်ပေါင်း များစွာမှာ ရောင်းတာမျိုးတွေရှိတယ်။ ဂန္ဓမာကတော့ Mordernised Wholesale Market ပုံစံပါ။ ဆိုင်ခန်းစနစ်နဲ့မဟုတ်ဘဲ Rack စနစ်နဲ့ ပစ္စည်းအမျိုးအစားပေါင်းသုံးသောင်းကျော်ကို ရောင်းချပေးသွားမှာပါ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ဆိုင်က နေ စူပါမားကတ်တွေအထိ Supply လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်ဟု ဂန္ဓမာ Wholesale Market မှ တာဝန်ရှိသူက ပြောသည်။
ဂန္ဓမာ Wholesale Market စတင်တည်ဆောက်ချိန်ကတည်းက ပုသိမ်၊ မကွေး၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ မန္တ လေး၊ တောင်ကြီး၊ နေပြည်တော်၊ လားရှိုး၊ မြစ်ကြီးနား၊ မိတ္ထီလာ၊ စစ်တွေမြို့ များတွင် ဖြန့်ချိရေးရုံးခွဲများဖွင့်လှစ်ကာ နယ်ခံ လုပ်ငန်းရှင်များနှင့် ကုန်ပစ္စည်းဖြန့်ချိမှုဆိုင်ရာများကို ဆွေးနွေးဆောင်ရွက်ထားသည်ဟု သိရသည်။
ဂန္ဓမာ Wholesale Market နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ စက်ရုံကို လည်း သူတို့ရဲ့ ထုတ်ကုန်တွေဖြန့်ချိနိုင်ဖို့အတွက်လည်း ဆက်သွယ်နိုင်ပါတယ်။ ဈေးဝယ်သူတွေအဆင်ပြေအောင်လို့ လက် လီကော၊ လက်ကားကော ရောင်းချပေးသွားမှာပါ။ ဈေးနှုန်းကိုလည်း အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ထားပါတယ်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
ဂန္ဓမာလက်ကားဈေးဝင်းအတွင်း မြန်မာအစားအစာ၊ အနောက်တိုင်းအစားအစာ၊ ကိတ်နှင့် အအေးဆိုင်များ၊ လက် ဖက်ရည်ဆိုင် စသည်တို့ကိုလည်း ဖွင့်လှစ်ထားမည်ဟု သိရသည်။
အဆိုပါ ဈေးအတွင်း မော်တော်ယာဉ်အစီးရေ ၃၅၀မှ ၄၀၀ ကြားရပ်နားနိုင်သည့် ယာဉ်ရပ်နားစခန်းရှိပြီး ညအခါတွင် ပါရမီတက္ကစီများ ရပ်နားစေသည်ဟု သိရသည်။ ဂန္ဓမာလက်ကားဈေးကို တောင်ဥက္ကလာပမြို့ နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာ လမ်းထောင့်ရှိ ကန်စွန်းခင်းမြေနေရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ရက်က ပန္နက်တင်ကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
kswems
kswems

Posts : 50
Join date : 2011-02-03

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum